အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၂၅) ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် (၂၅)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ရန်ကုန်တက္ကသိုလ်၊ဘွဲ့နှင်းသဘင်ခန်းမ၌ ၁၂-၁၂-၂၀၂၄ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီ အချိန်တွင် အစမ်းလေ့ကျင့်ခြင်းကိုလည်းကောင်း၊ ၁၃-၁၂-၂၀၂၄ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီ အချိန်တွင် ဘွဲ့နှင်းသဘင်အခမ်းအနားကိုလည်းကောင်း ကျင်းပပြုလုပ် ခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်) စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့ယူမည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ ကြပါသည်။

ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ၅ ဦးအနက် ၄ ဦး၊ ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့ ၁၈ ဦး အနက် ၁၄ ဦး၊ ဂုဏ်ထူးဆောင် ဝိဇ္ဇာဘွဲ့ ၇ ဦးအနက် ၆ ဦး၊ မဟာဝိဇ္ဇာဘွဲ့(ဂီတ) ၉ ဉီးအနက် ၈ ဦး၊ မဟာဝိဇ္ဇာဘွဲ့(သဘင်) ၃ ဦး၊ မဟာဝိဇ္ဇာဘွဲ့(ပန်းချီ) ၁ ဦး၊ မဟာဝိဇ္ဇာဘွဲ့(ရုပ်ရှင်နှင့်ပြဇာတ်) ၄ ဦး၊ ဘွဲ့လွန်ပြတိုက်ပညာ ဒီပလိုမာ ဘွဲ့ ၁၀ ဦးအနက် ၄ ဦး၊ ဘွဲ့လွန်အသုံးချရှေးဟောင်းသုတေသနပညာဒီပလိုမာဘွဲ့ ၈ ဦးအနက် ၅ ဦး၊ ဘွဲ့လွန်မြန်မာပြက္ခဒိန်ပညာဒီပလိုမာဘွဲ့ ၁၉ ဦးအနက် ၁၇ ဦး၊ ဝိဇ္ဇာဘွဲ့(ဂီတ) ၂၁ ဦး၊ ဝိဇ္ဇာဘွဲ့ (သဘင်) ၁၂ ဦး၊ ဝိဇ္ဇာဘွဲ့(ပန်းချီ) ၁၃ ဦး၊ ဝိဇ္ဇာဘွဲ့(ရုပ်ရှင်နှင့်ပြဇာတ်) ၂၆ ဦးအနက် ၂၃ ဦး၊ စုစုပေါင်းဘွဲ့ရရှိသူ ၁၅၆ ဦးအနက် ၁၃၅ ဦးတို့အား ဘွဲ့အသီးသီးပေးအပ်ခဲ့ပါသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် (၂၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘွဲ့အသီးသီးရရှိသူ ၁၅၆ ဦးနှင့် ဘွဲ့ကြိုအသုံးချ ရှေးဟောင်းသုတေသနပညာဒီပလိုမာလက်မှတ် ရရှိသူ ၃ ဦး၊ စုစုပေါင်း ၁၅၉ ဦးတို့အနက် အဝေးရောက်ဘွဲ့လျှောက်ထားသူ ၂၄ ဦး ရှိခဲ့ပါသည်။