ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဟောပြောပွဲ အခမ်းအနားကျင်းပခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဟောပြောပွဲ အခမ်းအနားကို  ၁၇.၁၂.၂၀၂၄ ရက်နေ့၊ ၁၄း၀၀ နာရီ တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ၏ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပခဲ့ရာ  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ‌ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒဂုံမြို့သစ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်‌ရောက်ခဲ့ကြပါသည်။

ဟောပြောပွဲအခမ်းအနား၌ ဒဂုံမြို့သစ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်မိုးက “စုပေါင်းကာကွယ် မီးခိုးမြူငွေ့အန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ‌ဒေါ်သန်းသန်းစုက “အမျိုးသမီးများနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခြင်းအား ပြန်လည် ဖြေကြား ခဲ့ပါသည်။

ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။  ဆက်လက်၍ ဟောပြောသူများအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူး၍ ဟောပြောပွဲ အခမ်းအနား ကို ၁၅း၀၀ နာရီ တွင်ရုပ်သိမ်းခဲ့ပါသည်။