ကရင်၊ မွန်၊ ရခိုင်တိုင်းရင်းသားတို့၏ရိုးရာဂီတနှင့်အက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

ကရင်၊ မွန်၊ ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့်အက အလုပ်ရုံဆွေးနွေးပွဲကို ၁၆.၁၂.၂၀၂၄ ရက်နေ့၊ ၁၀း၀၀ နာရီ တွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ၏ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ်ဒေါက်တာကေသီထွေး၊  ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ကရင်၊မွန်၊ရခိုင် တိုင်းရင်းသားပညာရှင်များ၊ ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများ တက်‌ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်မိကျောင်း တူရိယာ လှူဒါန်းပါသော ဦးမင်းဟန်ဝင်းအောင် (မွန်တိုင်းရင်းသား ရိုးရာဂီတပညာရှင်) နှင့် ဇနီး ဒေါ်မိသီသီထွေး မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲတွင်  ကရင်တိုင်းရင်းသားပညာရှင် ဦးစောမြင့်သူက “ကိုလိုနီခေတ် မောင်ရို့ဒုံးအကနှင့် မျက်မှောက်ခေတ် မောင်ရို့ဒုံးအက ကွာခြားပုံ”၊ ကရင်တိုင်းရင်းသား ပညာရှင် ဦးစောဝဏ္ဏထွန်းက “ယထညာဆုတောင်းတေးသီချင်း စပ်ဆိုပုံနှင့် သီဆို ဟန်ထား”၊ မွန်တိုင်းရင်းသား ပညာရှင် ဦးမင်းဟန်ဝင်းအောင်က “မွန်ရိုးရာ မိချောင်းတူရိယာ ပြုလုပ်ပုံအဆင့်ဆင့်နှင့်တီးခတ်ပုံ”၊ မွန်တိုင်းရင်းသားပညာရှင် ဒေါ်မိမြသန်းက “မွန်ခေတ်ဟောင်းနှစ်ပါးသွား ကဟန်နှင့် စမားကွက်”၊ ရခိုင်တိုင်းရင်းသား ပညာရှင် ဒေါ်စောခင်နုက ရခိုင်ရိုးရာ အခြေခံကကွက်များ၊ ခေတ် (၄) ခေတ်၏ လေ့ကျင့် ကဟန် (၄) သွယ်၊ ဗျာလအက” စသည်တို့ကို ဟောပြော၊ ဆွေးနွေးခြင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ကျောင်းသား၊ ကျောင်းသူများက ကရင်၊ မွန်၊ ရခိုင် တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့်အကများဖြင့် သရုပ်ဖော်တင်ဆက်ခြင်း၊ သိရှိလိုသည် များအား မေးမြန်းဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ ပါသည်။

ဆက်လက်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ‌ဒေါက်တာကေသီထွေးက ပညာရှင်များအား ဂုဏ်ပြုလက်မှတ်နှင့် လက်ဆောင်များပေးအပ် ခြင်းနှင့် သရုပ်ဖော်တင်ဆက်ကပြခဲ့‌သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပါမောက္ခချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ၁၁း၅၅ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။