ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၂၀၂၄ ခုနှစ်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၁-၁၂-၂၀၂၄ ရက်နေ့၊ ၁၇:၀၀ နာရီတွင် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံး ပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခ၊ ဌာနမှူး(သဘင်) ဒေါ်ဝင်းပပ၊ တွဲဖက်ပါမောက္ခ(ဂီတ) ဦးထွန်းဝဏ္ဏစိုးနှင့် ဂီတပညာဌာနနှင့် သဘင်ပညာဌာနတို့မှ ဆရာ၊ ဆရာမ(၃)ဦး၊ ကျောင်းသား၊ ကျောင်းသူ (၉)ဦး၊ စုစုပေါင်း (၁၄) ဦးသည် သွားရောက်ဖျော်ဖြေ တင်ဆက်ခဲ့ကြပါသည်။အခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သဘင် ပညာဌာနမှ ကျောင်းသူ(၆)ဦးက မန်းတောင်ရိပ်ခို(မြနန္ဒာ)သင်္ကြန်ယိမ်းအကဖြင့် လည်းကောင်း၊ ဂီတပညာဌာနမှ ကျောင်းသူ(၃)ဦးက မြန်မာ့စိတ်ရင်းမြန်မာ့ရှုခင်းသီချင်းအား စောင်းတီးခတ်ဖျော်ဖြေမှုဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။