ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ အိုးလုပ်ငန်းနှင့် ဂဝံယဉ်ကျေးမှုအား သွားရောက်လေ့လာခြင်း

မြန်မာလူမျိုးတို့၏ ရိုးရာလက်မှုပညာမတိမ်ကောမပျောက်ပျက်စေရန်၊ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်တစ်ခုအဖြစ် ကျောင်းသား၊ ကျောင်းသူများနှင့် မျိုးဆက်သစ်များအား လက်တွေ့သင်ကြားပေးနိုင်ရန်၊ မျိုးဆက်သစ်လူငယ်များ ယဉ်ကျေးမှု အမွေအနှစ်များအား ချစ်မြတ်နိုး၊ တန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး ဦးဆောင်၍ အုပ်ချုပ်မှုနှင့်သုတေသနအဖွဲ့ ဆရာ၊ ဆရာမများ (၂၅ )ဦး နှင့် လေ့လာသူများဖြစ်သည့် ပန်းချီပညာဌာန၊ ယဉ်ကျေးမှု အမွေအနှစ်စီမံခန့်ခွဲမှုပညာဌာန တို့မှ ကျောင်းသား၊ ကျောင်းသူ (၄၄ )ဦး၊ စုစုပေါင်း(၆၉)ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်ရှိ အိုးလုပ်ငန်းအား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းသွင်းရာတွင် အထောက်အကူပြုနိုင်ရန် တာဝန်ရှိသူများက ရှင်းလင်းပြသခြင်း၊ ကျောင်းသား၊ ကျောင်းသူများကမေးခွန်းများမေးမြန်းခြင်း၊ အိုးပြုလုပ်ပုံအဆင့်ဆင့်အား မှတ်တမ်းတင်ခြင်းနှင့် ဂဝံဖြင့်တည်ထားသော ရှေးမွန်ဗိသုကာလက်ရာစေတီတစ်ဆူ ဖြစ်သော မောင်းတီးစေတီရှိ ဂဝံယဉ်ကျေးမှုအား လက်တွေ့ကွင်းဆင်း သုတေသန ပြုခဲ့ကြပါသည်။