မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲ ကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) မိသားစုများ၏ ၂၀၂၅ ခုနှစ် မြန်မာ့ ရိုးရာစုပေါင်းထမနဲထိုးပွဲကို ၁၁-၂-၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ကုမုဒြာဆောင်ဘေးရှိ မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားအစီအစဉ်အရ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စုပေါင်းထမနဲထိုးပွဲကို စတင်ရာ ပထမအသုတ်အနေဖြင့် စီမံရေးရာဌာနခွဲ၊ စာပေပညာဌာနနှင့် ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာန၊ ပန်းပုပညာဌာန၊ ဂီတပညာဌာနတို့ကလည်းကောင်း၊ ဒုတိယအသုတ်အနေဖြင့် သင်တန်းရေးရာဌာနခွဲ၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာန၊ ပန်းချီပညာဌာန၊ သဘင်ပညာဌာနတို့ကလည်းကောင်း စုပေါင်းထမနဲထိုးခဲ့ကြပြီး  

ထမနဲများကို ဌာနအသီးသီး အပြန်အလှန်ဝေငှခဲ့ကြပါသည်။

Loading