၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်၏ သင်ကြားမှုနှင့် စီမံခန့်ခွဲမှုများအား ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

တက္ကသိုလ်၏ သင်ကြားမှုနှင့် စီမံခန့်ခွဲမှုများအား ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် အလုပ်ရုံဆွေးနွေးပွဲကို ၁၁၂၀၁၉ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် NUAC(Ygn) သရဖီဆောင်၊ အနုပညာခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာ၊ သင်တန်းရေးရာဌာန အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားအစီအစဉ်အရ ပါမောက္ခချုပ်ကဌာနများအလိုက် မိမိဌာနအပေါ် ပြန်လည် သုံးသပ် အကဲဖြတ်ခြင်းနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများ ဆွေးနွေးခြင်း ဒုတိယပါမောက္ခချုပ်(သင်ကြား)ကကျောင်းသားများအတန်းတက်ရောက်မှုအပေါ် ပြန်လည် သုံးသပ်ခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ ဆွေးနွေးခြင်း ဒေါက်တာလဲ့လဲ့အောင်၊ ကထိက(စာပေ)ကတက္ကသိုလ်နှင့် ဆရာများသမဂ္ဂ၏ အခန်းကဏ္ဍအား ဆွေးနွေးခြင်းတို့ကို ဆွေးနွေးခဲ့ကြပါသည်။          ဆွေးနွေးမှုများနှင့်ပတ်သက်၍ ပါမောက္ခ၊ဌာနမှူးများ၊ဆရာ၊ ဆရာမများက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။