“သမိုင်းဆိုင်ရာအတွေ့အကြုံများ စကားဝိုင်းဆွေးနွေးပွဲ” ကျင်းပပြီးစီး။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူး၍ “သမိုင်းဆိုင်ရာအတွေ့အကြုံများ စကားဝိုင်းဆွေးနွေးပွဲ”ကို ၂၀၁၉ ခုနှစ်၊ ဇွန်လမှစ၍ (၄)လလျှင် (၁)ကြိမ် ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့ နံနက် (၀၉:၃၀) နာရီတွင် အမျိုးသားပြတိုက် (ရန်ကုန်) ရှိ ဘက်စုံခန်းမ၌ သမိုင်းဆိုင်ရာ အတွေ့အကြုံများ စကားဝိုင်းဆွေးနွေးပွဲ (ဒုတိယအကြိမ်) ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါစကားဝိုင်းဆွေးနွေးပွဲကို “မြန်မာ့ရှေးဟောင်းသမိုင်းကို အမြင်သစ်ဖြင့် ကြည့်ခြင်း” ခေါင်းစဉ်ဖြင့် မြန်မာသမိုင်းအဖွဲ့၊ ဒုတိယဉက္ကဋ္ဌ (၂)၊ ဒေါက်တာတိုးလှ က ဦးဆောင်ဆွေးနွေး သွားပြီး မြန်မာသမိုင်းအဖွဲ့၊ အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာစိန်မြင့်နှင့် ဒေါ်ညိုညိုတင် တို့က ပါဝင်ဆွေးနွေးသွားကြကာသမိုင်းဆိုင်ရာ အသိပညာဗဟုသုတများကို စိတ်ပါ ဝင်စားသူ အများပြည်သူတို့ပါဝင်တက်ရောက်ကြကြောင်း သိရှိရပါသည်။