ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အာဆီယံ – ကိုရီးယား ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးများ အထူးအစည်းအဝေးသို့ တက်ရောက်ရန် ကိုရီးယားသမ္မတနိုင်ငံသို့ ထွက်ခွာ

နေပြည်တော် ၂၁ အောက်တိုဘာ

ကိုရီးယားသမ္မတနိုင်ငံ ဂွမ်ဂျူးမြို့၌ အောက်တိုဘာ ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် အာဆီယံ – ကိုရီးယား ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးများ အထူးအစည်းအဝေးသို့ တက်ရောက်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့အား တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

(သတင်းစဉ်)