ရှေးဟောင်းအမွေအနှစ်ဒေသရှိ အမွေအနှစ်များအား ရေရှည်ထိန်းသိမ်းရေးဆောင်ရွက်ရန် သက်ရောက်မှု အကဲဖြတ်ဆန်းစစ်ခြင်းဆိုင်ရာ Heritage Impact Assessment (HIA) Training Course, Level (1) သင်တန်းဖွင့်လှစ်ပို့ချခြင်း

ရှေးဟောင်းအမွေအနှစ်ဒေသရှိ အမွေအနှစ်များအား ရေရှည်ထိန်းသိမ်းရေးဆောင်ရွက်ရန် သက်ရောက်မှု အကဲဖြတ်ဆန်းစစ်ခြင်းဆိုင်ရာ Heritage Impact Assessment (HIA) Training Course, Level (1) သင်တန်းဖွင့်လှစ်

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးဟောင်းအမွေအနှစ်များအား ရေရှည်ထိန်းသိမ်းရေးဆောင်ရွက်ရန် သက်ရောက်မှု အကဲဖြတ်ဆန်းစစ်ခြင်းဆိုင်ရာ Heritage Impact Assessment (HIA) Training Course, Level (1) သင်တန်းကို (၂၉.၁၀.၂၀၁၉)ရက်နေ့မှ (၂.၁၁.၂၀၁၉)ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး အဆိုပါ သင်တန်း၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၂၉)ရက်နေ့၊ (၀၉း၃၀)နာရီအချိန်တွင် ပုဂံရှေးဟောင်း သုတေသနပြတိုက် အစည်းအဝေးခန်းမငယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးအောင်ကြိုင်၊ ညောင်ဦးခရိုင် အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ တာဝန်ရှိသူများနှင့် သင်တန်းသူ/သင်တန်းသား (၂၇)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် က အဖွင့်အမှာစကားပြောကြားခြင်း၊ ဟောင်ကောင် Archaeological Assessments Ltd မှ Director Julie Van Den Bergh က HIA သဘောသဘာဝအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးအောင်ကြိုင် က HIA နှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခြင်းများ ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဟောင်ကောင် Archaeological Assessments Ltd မှ Director Julie Van Den Bergh က Heritage Impact Assessment (HIA) Training Course, Level (1) သင်တန်းကို (၁၅း၃၀)နာရီအချိန်အထိ သင်ကြားပို့ချခဲ့ပါသည်။

Heritage Impact Assessment (HIA) သင်တန်းကို (၂၄.၁၁.၂၀၁၄)ရက်နေ့မှ (၄.၁၂.၂၀၁၄)ရက်နေ့အထိ (၁)ကြိမ်၊ (၁၇.၁.၂၀၁၅)ရက်နေ့မှ (၂၅.၁.၂၀၁၅)ရက်နေ့အထိ (၁)ကြိမ် UNESCO နှင့် ပူးပေါင်း၍ ပြည်ပပညာရှင်များမှ သင်ကြားပို့ချပေးခဲ့ပါသည်။ ဌာနတွင်းဆင့်ပွားသင်တန်း ကို (၁၄.၉.၂၀၁၈)ရက်နေ့မှ (၂၃.၉.၂၀၁၈)ရက်နေ့အထိ (၁)ကြိမ်နှင့် (၃.၁၂.၂၀၁၈)ရက်နေ့မှ (၁၄.၁၂.၂၀၁၈)ရက်နေ့အထိ (၁)ကြိမ် သင်ကြားပို့ချနိုင်ခဲ့ပါသည်။ ယခုဖွင့်လှစ်ပို့ချလျက်ရှိသည့် Heritage Impact Assessment (HIA) သင်တန်းသည် ပြည်ပပညာရှင်များမှ ပို့ချသည့် တတိယအကြိမ် မြောက် သင်တန်းဖြစ်ပါသည်။