အမျိုးသားဇာတ်ရုံ(ရန်ကုန်)အကြီးစားပြင်ဆင်မည်ဖြစ်ပါကြောင်း အသိပေးကြော်ငြာခြင်း

အမျိုးသားဇာတ်ရုံ(ရန်ကုန်)အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အကူအညီဖြင့် အထွေထွေ မွမ်းမံခြင်းလုပ်ငန်းများဖြစ်သည့် အသံစနစ်များ အဆင့်မြှင့်တင်ခြင်း၊ ဇာတ်စင်သုံးမီးစနစ်များ အဆင့်မြှင့်တင်ခြင်း၊ Air Con; စနစ်များ အဆင့်မြှင့်တင်ခြင်း၊ ပွဲကြည့်ထိုင်ခုံများ အဆင့်မြှင့် တင် ခြင်း၊ အဆောက်အဦပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်း၊ အလိုအလျောက် မီးငြိမ်းသတ်စနစ် အဆင့်မြှင့်တင်ခြင်းနှင့် အခြားအထွေထွေပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ၂၀၁၉ခုနှစ်၊ သြဂုတ်လ ၁ ရက် နေ့မှစ၍ ဆောင်ရွက်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အမျိုးသားဇာတ်ရုံ(ရန်ကုန်) ငှားရမ်းသုံးစွဲခြင်း လုပ်ငန်းများအား ၂၀၁၉ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စတင်၍ ခေတ္တရပ်ဆိုင်း ထားမည်ဖြစ်ပါကြောင်းနှင့် ပြုပြင်မွမ်းမံပြီးစီးချိန်တွင် ဇာတ်ရုံငှားရမ်းသုံးစွဲခြင်းဆိုင်ရာကိစ္စများ အား ပြန်လည် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးကြော်ငြာအပ်ပါသည်။