အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်မည့် အဆောက်အဦတွင် ထည့်သွင်းဆောင်ရွက်မည့် စာကြည့်တိုက်သုံးပစ္စည်းများအား ဝယ်ယူရန်အတွက် လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုမှုအခမ်းအနားကျင်းပခြင်း

သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်မည့် အမှတ်(၆၀၄၊၆၀၈) ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ် ရှိ အဆောက်အဦတွင် ထည့်သွင်းဆောင်ရွက်မည့် စာကြည့်တိုက်သုံး ပရိဘောဂလုပ်ငန်း များနှင့် Mobile Shelves ဝယ်ယူရန် လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုခြင်း၊ အခမ်း အနားကို အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အစည်းအဝေးခန်းမ၌ ၈-၂-၂၀၁၉ (သောကြာ နေ့) နေ့လယ် (၁:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ သမိုင်း သုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ပါမောက္ခချုပ် (အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်-မန္တလေး)၊ ညွှန်ကြားရေးမှူး (အဆောက်အဦဦးစီးဌာန)၊ ညွှန်ကြားရေးမှူး(အမျိုးသားစာကြည့်တိုက်) ဗိသုကာပညာ ရှင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး (ပန်းဘဲတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)၊ ပန်းဘဲတန်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်မြင့်က အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပြောင်းရွှေ့ ဖွင့်လှစ်မည့် အဆောက်အဦတွင် ထည့်သွင်းဆောင်ရွက်မည့် စာကြည့်တိုက်သုံးပရိဘောဂ လုပ်ငန်းများနှင့် Mobile Shelves ဝယ်ယူရန် လုပ်ငန်းသ​ဘောတူစာချုပ် ချုပ်ဆိုခြင်း နှင့်ပတ်သက်၍ နှုတ်ခွန်းဆက်ရှင်းလင်းပြောကြားပြီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦး မှ တိုင်းဒေသကြီးမှ တင်ဒါလုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ကြုံရသောအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အမျိုးသား စာကြည့်တိုက်(ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်မည့် အမှတ် (၆၀၄/ ၆၀၈) ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်ရှိ အဆောက်အဦတွင် ထည့်သွင်းဆောင်ရွက်မည့် စာကြည့်တိုက်သုံး ပရိဘောဂလုပ်ငန်းများအတွက် Jusco 2007 Modern Furniture Co.,Ltd နှင့် စာကြည့်တိုက်သုံးပရိဘောဂပစ္စည်း စာကြည့်တိုက်သုံး (Mobile Shelves-100) Nos အတွက် Forest Bright Furnishing Co.,Ltd တို့နှင့်လည်း​ကောင်း၊ သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြပါသည်။ ထို့နောက် ကုမ္ပဏီများမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို နေ့လယ် (၃:၀၀) နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။