ကိုရီးယားသမ္မတနိုင်ငံ၊ ဂွမ်ဂျူးမြို့၌ (၂၃.၁၀.၂၀၁၉)ရက်နေ့မှ (၂၄.၁၀.၂၀၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာဆီယံ-ကိုရီးယား ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးများ အထူးအစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ခြင်း

ကိုရီးယားသမ္မတနိုင်ငံ၊ ဂွမ်ဂျူးမြို့၌ (၂၃.၁၀.၂၀၁၉)ရက်နေ့မှ (၂၄.၁၀.၂၀၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာဆီယံ-ကိုရီးယား ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ဝန်ကြီးများ အထူးအစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး အာဆီယံနှင့် ကိုရီးယား သမ္မတနိုင်ငံတို့အကြား ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှု များ၊ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များနှင့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက် ဆက်ဆံရေး ထူထောင်မှုနှစ် (၃၀)ပြည့် ပူးပေါင်းဆောင်ရွက်မှု ရလဒ်များနှင့် ရှေ့ဆက် ဆောင်ရွက်မည့် ပူးပေါင်းမှုများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
​ပြည်ထောင်စုဝန်ကြီးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယား သမ္မတနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၅-၁၀-၂၀၁၉ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။