သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ နေပြည်တော်၏ လမ်းညွှန်မှုဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က “ရှေးဟောင်း ဝတ္ထုပစ္စည်းများ တရားမဝင်ရောင်းဝယ်မှု ကာကွယ်တားဆီးရေးဆိုင်ရာ” ခေါင်းစဉ်ဖြင့် မုံရွာ ခရိုင်အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသများတွင် ရှေးဟောင်းဝတ္ထုပစ္စည်းများ တရားမဝင်ရောင်းဝယ်မှု ကာကွယ်တားဆီးရေးနိုင်ရေး အတွက်ရည်ရွယ်၍ လူထုအသိပညာပေး ဟောပြောပွဲများကို (၂၄-၂-၂၀၁၈) ရက်နေ့ နံနက်(၉:၃၀) အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ အမြင့် ဒေသ/ အနိမ့်(သုံးပန်လှ) ဒေသတွင် လည်းကောင်း၊ ညနေ (၁၃:၀၀) အချိန်တွင် ဘုတလင်မြို့နယ်၊ ညောင်ကန်ဒေသတွင်လည်းကောင်း ပြုလုပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။