ရှေးဟောင်းဝတ္တုပစ္စည်းများတရားမဝင်ရောင်းဝယ်မှုများအားတားဆီးရေးဆိုင်ရာဆွေးနွေးပွဲ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ဦးစီး၍ ရှေးဟောင်းဝတ္တုပစ္စည်းများ တရား မဝင်ရောင်းဝယ်မှုများအား တားဆီးရေးဆိုင်ရာ ဆွေးနွေးပွဲကို UNESCO နှင့် ပူးပေါင်း၍ UNESCO ဌာနချုပ် ဥပဒေရေးရာပညာရှင်များကို ဖိတ်ကြားပြီး ပြည်တွင်းမှ ရှေးဟောင်းဝတ္တုပစ္စည်း ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊နည်းဥပဒေနှင့်အညီ မှတ်ပုံတင်ထားသော ပုဂ္ဂိုလ်များ၊အဖွဲ့အစည်းများ၊ရှေးဟောင်းပစ္စည်းစုဆောင်းသူများ၊အမှတ်တရ ပစ္စည်းရောင်းဝယ်သူများ၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအသင်း အဖွဲ့များ၊အစိုးရဌာနဆိုင်ရာများနှင့် အမှတ်တရပစ္စည်း ထုတ်လုပ်သည့် အဖွဲ့များ ပါဝင်သည့် ဆွေးနွေးပွဲကို (၁၃-၂-၂၀၁၈)ရက်နေ့မှ (၁၅-၂-၂၀၁၈)အထိ နေ့စဉ် နံနက်(၀၉:၃၀)နာရီမှ ညနေ(၁၇:၀၀)နာရီထိ ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်၊ ဘက်စုံခန်းမ တွင်ကျင်းပပြု လုပ်မည်ဖြစ်ပါ၍ တက်ရောက်နိုင်ကြပါရန် ဖိတ်ကြားအပ်ပါသည်။
၉-၂-၂၀၁၈
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန

Be the first to comment

Leave a Reply

Your email address will not be published.