မြန်မာအက အခြေခံကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ်(၂/၂၀၁၉)

မြန်မာအက အခြေခံကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ်(၂/၂၀၁၉)ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၁၁ ရက်နေ့အထိ နေပြည်တော်ရှိ ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၊ ယဉ်ကျေးမှုရတနာခန်းမတွင် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။
အဆိုပါ သင်တန်းကို မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ/ဆရာမများအနက် အသက်(၄၅)နှစ်နှင့်အောက် ကဗျာလွတ်သင်တန်း တက်ရောက်ဖူးခြင်းမရှိသေးသည့် ဆရာ/ဆရာမ (၁၀၀)ဦးကို သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။