(၂၂) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ ဝန်ကြီးအဆင့် အစည်း အဝေးနှင့် ၂၇ ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း အဆင့်မြင့် အရာရှိ ကြီးများအဆင့် အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်အဖွဲ့ တက်ရောက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပပြုလုပ် ခဲ့သည့် ၂၂ ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် ၂၇ ကြိမ်မြောက်အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း အဆင့်မြင့် အရာ ရှိကြီးများအဆင့် အစည်းအဝေးများသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ အာဆီယံဥက္ကဋ္ဌ တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း ချမှတ်ထားသော Theme ဖြစ်သည့် Advancing Partnership for Sustainability နှင့် ထိုင်းနိုင်ငံမှ အကောင်အထည်ဖော်ဆောင်မည့် အာဆီယံလူမှုရေး-ယဉ်ကျေးမှုဆိုင်ရာ စင်တာများ ထူထောင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အတူတကွ ပူးပေါင်းအားပေးထောက်ခံခြင်း၊ ၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်ကြီးများ အတည်ပြုမည့် ကြေညာချက် (၆)ချက်ဖြစ်သောUNFCCC သို့ တင်သွင်းမည့် အာဆီယံရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပူးတွဲကြေညာချက် (CoP-25)၊ ကလေးသူငယ်များအား အင်တာနက်အွန် လိုင်းမှ အမြတ်ထုတ်ခြင်းနှင့် အကြမ်းဖက်ခြင်းတို့ကို ကာကွယ်ရေးကြေညာချက်၊ ရွှေ့ပြောင်းနေ ထိုင်သော ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ အာဆီယံကြေညာချက်၊ အာဆီယံဒေသတွင်း စဉ်ဆက်မပြက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဆိုင်ရာ ပိုမိုပူးပေါင်း ဆောင်ရွက်မှု ၂၀၃၀ အစီအစဉ် ဘန်ကောက် ကြေညာချက်၊ အာဆီယံဒေသတွင်းကလေးသူငယ်များ အခွင့်အရေး ပိုမိုတိုးမြှင့် ရေးဆိုင်ရာကတိကဝတ်အား ထပ်လောင်း အတည်ပြုသော ပူးတွဲကြေညာချက်၊ အာဆီယံဒေသတွင်း ကာကွယ်ဆေးများ လုံခြုံစိတ်ချရမှုနှင့် ကိုယ်ခံအားကောင်းမွန်ရေးဆိုင်ရာ အာဆီယံ ခေါင်း ဆောင်များ၏ ကြေညာချက်နှင့် မှတ်တမ်းတင်မည့် ကြေညာချက် (၃) ချက်ဖြစ်သော လူကုန် ကူးခြင်း ခံရသောပုဂ္ဂိုလ်များ၊ အထူးသဖြင့် ကလေးသူငယ်များနှင့် အမျိုးသမီးများ၏ လိုအပ်ချက် များ ဖြည့်ဆည်း ပေးနိုင်ရေး ဒေသဆိုင်ရာလမ်းညွှန်ချက်နှင့် လုပ်ငန်းစဉ်များ၊ ကောင်းမွန် သော စီမံအုပ်ချုပ်မှုနှင့် ပြည်သူ့ဝန်ထမ်းများ ဒီဂျစ်တယ်စီးပွားရေးစနစ် တွင် သွက်လက်စွာ ဆောင်ရွက်နိုင် ရေး တိုးမြှင့်ခြင်းဆိုင်ရာ အာဆီယံ ကြေညာချက်၊ ကျောင်းနေပြင်ပကလေး များနှင့် လူငယ်များ အတွက် ပညာရေးအားပေးမြှင့်တင်ခြင်းဆိုင်ရာ အာဆီယံကြေညာ ချက်အား အကောင်အထည် ဖော်ရန်အတွက် ဒေသဆိုင်ရာ လုပ်ငန်းအစီအစဉ် တို့အတွက် စုပေါင်းဆွေးနွေးအတည်ပြုခြင်း၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း အခြေပြမြေပုံ ၂၀၁၅ နှစ်လည်အစီရင်ခံစာ အတွက် ဆောင်ရွက်မည့် စီမံချက်ကို ဆွေးနွေးခြင်း၊ ASCCမဏ္ဍိုင်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင် ရွက်ရန် အလားအလာများကို ဆွေးနွေး ခြင်း၊ Culture of Prevention ကြေညာချက်ကို ဖော်ဆောင်မည့်လုပ်ငန်း စဉ် Plan of Action (PoA) ကို သက်ဆိုင်ရာ လုပ်ငန်းအစုအဖွဲ့များက ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခြင်း၊ တီမောလ်လက်စတီ နိုင်ငံက အာဆီယံအဖွဲ့ ဝင်အဖြစ် လျှောက်ထားလာမှုအပေါ် ဆက်လက် ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခြင်း တို့ကို ဆောင်ရွက်ခဲ့ပြီး Children in ASEAN: 30 Years of the Convention on the Rights of the Child အခမ်းအနားသို့လည်း တက် ရောက်ခဲ့ကြကြောင်း သိရသည်။