Getty Conservation Institute ကဆောင်ရွက်မည့် ပုဂံဒေသထိန်းသိမ်း ရေးဆိုင်ရာ စီမံကိန်းကြေညာခြင်း အခမ်းအနား ကျင်းပခြင်း

အမေရိကန်နိုင်ငံတွင် အခြေစိုက်သည့် Getty Conservation Institute က ဆောင်ရွက်မည့် ပုဂံဒေသထိန်းသိမ်းရေးဆိုင်ရာ စီမံကိန်းကြေညာခြင်းအခမ်းအနားကို (၆-၁၁-၂၀၁၉)ရက်နေ့၊ နံနက်(၀၉:၀ဝ)နာရီအချိန်တွင် ပုဂံမြို့ဟောင်းမြင်းပြဂူဘုရားတွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူတို့က အမှာစကား ပြောကြားခဲ့ပါသည်။ Getty Conservation Institute မှ Director Mr.Tim Whalen John က ဆောင်ရွက် မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့ပါသည်။ ထို့နောက် တက်ရောက် လာသောဧည့်သည်တော်များက မြင်းပြဂူ ဘုရားအတွင်း လှည့်လှည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။