ကမ္ဘာ့ဗုဒ္ဓသာသနာပြုအောက်စ်ဖို့ဒ်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ပါမောက္ခ ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ D Phil (Oxford), M Phil (Kelaniya)၏ “ပျော်ရွှင်ခြင်း ဆိုတဲ့ယဉ်ကျေးမှု” “Happiness Culture” တရားဓမ္မဆွေးနွေးပွဲကို ၁၈-၁၁-၂၀၁၉ ရက်နေ့၊ နံနက် ၉ နာရီတွင်
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမတွင် ကျင်းပရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
တရားဓမ္မဆွေးနွေးပွဲတွင် ဆရာတော်ကြီးက “ပျော်ရွှင်ခြင်း ဆိုတဲ့ယဉ်ကျေးမှု” “Happiness Culture” တရားတော်ကို ဟောကြားတော်မူခဲ့ပါသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့် မေးမြန်းလျှောက်ထားချက်များကို ဖြေကြားတော်မူခဲ့ပါသည်။
ထို့နောက် ကမ္ဘာ့ဗုဒ္ဓသာသနာပြုအောက်စ်ဖို့ဒ်ဆရာတော်ကြီးအား NUAC(Ygn)ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၏ စုပေါင်းလှူဒါန်းသည့် နဝကမ္မအလှူတော်ငွေ စုစုပေါင်း(၁၇၁၃၅၀ဝိ/-) ကျပ်၊ သင်္ကန်းခြင်းများနှင့် သင်္ကန်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
NUAC(Ygn)