အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များကောင်စီ(၁/၂၀၁၉ ) အစည်းအဝေး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များကောင်စီ( ၁ / ၂၀၁၉ ) အစည်းအဝေးကို ( ၂၃- ၁၁- ၂၀၁၉ )ရက်နေ့၊နံနက်(၁၀:၀၀)နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များကောင်စီဝင်များတက်ရောက် ခဲ့ကြပါသည်။

          အခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်က အမှာစာ(၇)စောင်နှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်က အမှာစာ(၇)စောင်တို့ကိုတင်ပြခဲ့ကြပြီး အဆိုပါတင်ပြစာများအပေါ် တက်ရောက်လာသော အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များကောင်စီဝင် များက ဆွေးနွေးခဲ့ကြပါသည်။

NUAC(Ygn)