၂၀၁၉ ခုနှစ်၊ (၄၆)ကြိမ်မြောက် အရှေ့တောင်အာရှ ဂျပန်လူငယ်များ သင်္ဘောခရီးစဉ် 46th Ship for Southeast Asian and Japanese Youth Programme(2019)

၂၀၁၉ ခုနှစ်၊ (၄၆)ကြိမ်မြောက် အရှေ့တောင် အာရှ ဂျပန်လူငယ်များသင်္ဘောခရီးစဉ် 46th Ship for Southeast Asian and Japanese Youth Programme(2019) လူငယ် အဖွဲ့ဝင်များသည် ရန်ကုန်မြို့ရှိ တက္ကသိုလ်(၉)ခုသို့ Institutional Visit အဖြစ် သွားရောက်ရာ အဖွဲ့ဝင်(၃၅)ဦးပါ Group(3)အဖွဲ့သည် (၂၃-၁၁-၂၀၁၉) ရက်နေ့၊ ၁၂:၀၀ နာရီ တွင်  အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)သို့ လာရောက်ခဲ့ကြ ပါသည်။

ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများက(46th SSEAYP-2019)လူငယ် အဖွဲ့ဝင်တစ်ဦးချင်းစီအား တက္ကသိုလ်တံဆိပ်ပါ လက်ဆောင်ပဝါများခြုံပေးကာ နွေးထွေးစွာကြိုဆိုခဲ့ကြပြီး တက္ကသိုလ်က ဖျော်ဖြေရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် နေ့လယ်စာအတူတကွသုံးဆောင်ခဲ့ကြပါသည်။

ထို့နောက် အခမ်းအနားအစီအစဉ်အရ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခြင်း၊  တက္ကသိုလ်က မြန်မာ့ရိုးရာယဉ်ကျေးမှု ဖျော်ဖြေရေး အစီအစဉ် (၉)ခုဖြင့် ဧည့်ခံခြင်း၊ လူငယ်အဖွဲ့ဝင်များကိုယ်စား မလေးရှားနိုင်ငံ ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်း၊ အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊ လူငယ်အဖွဲ့ဝင်တစ်ဦးချင်းစီကို ပန်းချီပညာဌာနမှ ဆရာ၊ ဆရာမများနှင့် ပန်းချီအထူးပြု ကျောင်းသား၊ ကျောင်းသူများက ပုံတူပန်းချီကားများရေးဆွဲ၍ လက်ဆောင်အဖြစ် ပေးအပ်ခြင်း၊ လူငယ်အဖွဲ့ဝင်များအားလုံး မြန်မာ့ရိုးရာအစားအစာဖြစ်သော မုန့်လုံးရေပေါ်ကိုကိုယ်တိုင်ပြုလုပ်၍ အတူတကွသုံးဆောင်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပါသည်။

NUAC(Ygn)