၁။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန(မန္တလေး)၏ အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းအတွက် စျေးပြိုင်ပေးသွင်းသူများအား ဖိတ်ခေါ်အပ်ပါသည်-
(က) မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးဌာနခွဲဝင်း အတွင်း ကျောင်းသား၊ကျောင်းသူအိပ်ဆောင် (၂)ထပ်သံကူကွန်ကရစ်(၁)လုံး တည်ဆောက် ခြင်းလုပ်ငန်း (၁၂၈၀၀ စတုရန်းပေ၊ ၂(၁၅၀ပေ × ၄၀ပေ) + (၄၀ပေ × ၂၀ပေ ) )
၂။ သို့ဖြစ်ပါ၍ တင်ဒါလျှောက်လွှာများအား အောက်ဖော်ပြပါအတိုင်း ၀ယ်ယူနိုင်ရန် အသိပေး အကြောင်းကြားအပ်ပါသည် –
(က) တင်ဒါစတင်ရောင်းချမည့်ရက် – ၂၇ . ၁၁ . ၂၀၁၉
(ခ) တင်ဒါပိတ်မည့်ရက် – ၂၇ . ၁၂ . ၂၀၁၉
(ဂ) တင်ဒါပိတ်မည့်အချိန် – နေ့လယ် ၁၂၀၀ နာရီ
(ဃ) တင်ဒါပုံစံရောင်းချမည့်နေရာ/ – အနုပညာအထက်တန်းကျောင်း(မန္တလေး)
တင်ဒါတင်သွင်းရန်နေရာ ၆၆လမ်း၊၂၀×၂၂လမ်းကြား၊အောင်မြေသာစံ
မြို့နယ်(နန်းရှေ့)၊မန္တလေးမြို့။
(င) လုပ်ငန်းအတွက် တင်ဒါပုံစံ(၁)စောင် – ၁၀၀၀ဝိ/-
လျှင် ကျသင့်တန်ဖိုး
၃။ တင်ဒါစည်းကမ်းချက်များနှင့်တင်ဒါခေါ်ယူသည့်အချက်များအသေးစိတ်သိရှိလိုပါက အောက် ဖော်ပြပါ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ဆက်သွယ်ရန်ဖုန်း – ၀၂-၄၀၆၁၁၆၉၊၀၆၇၃-၄၀၈၁၆၅
*** မှတ်ချက်။ တင်ဒါဖွင့်မည့် ရက်နှင့်အချိန်အား ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပါသည်။