သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကြည်မင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်များကောင်စီ( ၁/၂၀၁၉ ) အစည်းအဝေးသို့ တက်ရောက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်များ ကောင်စီ( ၁ / ၂၀၁၉ ) အစည်းအဝေးကို
( ၂၃- ၁၁- ၂၀၁၉ )ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့်အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်များ ကောင်စီဝင်များတက်ရောက် ခဲ့ကြပါသည်။
အခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များ ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးကြည်မင်း က အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်က အမှာစာ(၇)စောင်နှင့် အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်က အမှာစာ(၇)စောင်တို့ကို တင်ပြခဲ့ကြ ပြီး အဆိုပါတင်ပြစာများအပေါ် တက်ရောက်လာသော အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်များကောင်စီဝင်များက ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်များကောင်စီ ဒုတိယဥက္ကဋ္ဌ၊ သာသနာရေး နှင့်ယဉ်ကျေးမှု ဒုတိယဝန်ကြီး ဦးကြည်မင်းက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနား ကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိ ပါသည်။