လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနမှ အာဆီယံအဖွဲ့၀င်နိုင်ငံများရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ် ဖြန့်ဖြူးနေသည့် အဖွဲ့အစည်းများနှင့် အာဏာပိုင်အဖွဲ့အစည်းများ၏ အကြီးအကဲများအဖွဲ့ ( Head of ASEAN Utilities/Authorities )အောက် လုပ်ငန်းအဖွဲ့(၅) (လူ့စွမ်းအား အရင်းအမြစ်)၏ (၈)ကြိမ်မြောက် နှစ်ပတ်လည်နေ့အစည်းအဝေး

၂၆.၁၁.၂၀၁၉ရက်နေ့တွင် သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့်” လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနမှ အာဆီယံအဖွဲ့၀င်နိုင်ငံများရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ် ဖြန့်ဖြူးနေသည့် အဖွဲ့အစည်းများနှင့် အာဏာပိုင်အဖွဲ့အစည်းများ၏ အကြီးအကဲများအဖွဲ့ ( Head of ASEAN Utilities/Authorities )အောက် လုပ်ငန်းအဖွဲ့(၅) (လူ့စွမ်းအား အရင်းအမြစ်)၏ (၈)ကြိမ်မြောက် နှစ်ပတ်လည်နေ့အစည်းအဝေး”သို့ တက်ရောက်လာ သော ဧည့်သည်တော်များနှင့်ကိုယ်စားလှယ်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည့် အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှ အနုပညာရှင်များက မြန်မာ့ရိုးရာယဉ်ကျေးမှု ယိမ်းအကများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ပါသည်။