“အနုပညာကွန်ပျူတာဒီပလိုမာသင်တန်းဖွင့်လှစ်ခြင်းလုပ်ငန်းနှစ်ဦးသဘောတူစာချုပ်” လက်မှတ်ရေးထိုးခြင်းအခမ်းအနား

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန နှင့် MCC ICT Services တို့အကြား အကျိုးတူပူးပေါင်းဆောင်ရွက်ရန် “အနုပညာကွန်ပျူတာဒီပလိုမာသင်တန်းဖွင့်လှစ်ခြင်းလုပ်ငန်း နှစ်ဦးသဘောတူစာချုပ်” လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၃၀-၁၁-၂၀၁၉ရက်နေ့၊နံနက် (၀၉၀၀)နာရီ၌ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ NUAC(Ygn)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ဌာနမှူးများနှင့် တာဝန်ရှိသူများ၊ MCC ICT Services မှ Director ဦးအောင်စိုးလင်း၊ Principal ဦးကျော်သက်အောင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်က အဖွင့်အမှာစကားပြောကြားခြင်း၊ Director ဦးအောင်စိုးလင်းက အနုပညာကွန်ပျူတာဒီပလိုမာသင်တန်းဖွင့်လှစ်ခြင်းလုပ်ငန်းနှစ်ဦးသဘောတူစာချုပ်နှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခြင်း၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဦးညွန့်ဝင်းနှင့် MCC ICT Services Co.,Ltd မှ Director ဦးအောင်စိုးလင်းတို့က သဘောတူစာချုပ်လက်မှတ်ရေထိုးခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပါသည်။
NUAC(Ygn)