“ရသစုံလင် စာဉယျာဉ် ကလေးစာကြည့်တိုက်အစီအစဉ်နှင့် အမှတ်တရ ဈေးရောင်းပွဲတော်” ကျင်းပပြုလုပ်မည်

သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဉီးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)တွင် (၂၀-၁၂-၂၀၁၉) ရက်နေ့မှ (၂၂-၁၂-၂၀၁၉) ရက်နေ့အထိ “ရသစုံလင် စာဉယျာဉ် ကလေးစာကြည့်တိုက်အစီအစဉ် နှင့် အမှတ်တရဈေးရောင်းပွဲတော်”ကို နံနက် (၁၀:၀၀) နာရီမှ နေ့လယ် (၃:၀၀) နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
အဆိုပါ ပွဲတော်တွင် ကာတွန်းပညာရှင်များက အမှတ်တရကာတွန်းရေးဆွဲပေးခြင်း၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ စာကြည့်တိုက်မှူးများက စာဖတ်ပြခြင်း၊ ရောင်စုံစက္ကူ များဖြင့်ဖန်တီးခြင်း၊ ဂျုံရုပ်ပညာရှင်များ၏ လက်မှုပညာဖန်တီးခြင်း၊ ပျော်ရွှင်စရာ ပဟေဠိအစီ အစဉ်များ၊ ကလေးစာကြည့်တိုက်လှုပ်ရှားမှုအစီအစဉ်များ၊ အမှတ်တရဓာတ်ပုံရိုက်ကူးရန်နေရာ များအပြင် အထူးအစီအစဉ်အနေဖြင့် အနုပညာဉီးစီးဌာနမှ ပညာရှင်များက မြန်မာ့ရုပ်သေးပွဲကို ပွဲတော်ကာလအတွင်း နေ့စဉ် နံနက် (၁၁:၀၀) နာရီမှ (၁၂:၀၀)နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ (၂:၀၀)နာရီမှ (၃:၀၀)နာရီအထိ တစ်ကြိမ် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပါသည်။
ထို့အပြင် အမှတ်တရဈေးရောင်းပွဲတော်တွင်လည်း စာအုပ်ဆိုင်များ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ အစားအသောက်ဆိုင်များပါဝင်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသည့် မည်သူမဆို တက်ရောက်နိုင်ပါကြောင်း အသိပေးဖိတ်ကြားအပ်ပါသည်။