သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက ဂျပန်နိုင်ငံ၊ အအိချိခရိုင်၊ နာဂိုယာမြို့တွင် မြန်မာနိုင်ငံအစိုးရမှ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် မစ္စတာတိုရှိအိုနီရှိမူရနှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက ဂျပန်နိုင်ငံ၊ အအိချိခရိုင်၊ နာဂိုယာမြို့၌ မြန်မာနိုင်ငံအစိုးရမှ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် မစ္စတာတိုရှိအိုနီရှိမူရနှင့် ကိုယ်စားလှယ်အဖွဲ့အား (၁၁.၁၂.၂၀၁၉) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား သာသနာ ရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စများ၊ ရှေ့ဆက်လက်ပြီး နှစ်နိုင်ငံ အကြား သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ နှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။