![1](https://www.moculture.gov.mm/wp-content/uploads/2019/12/1-3-678x381.jpg)
![](https://www.moculture.gov.mm/wp-content/uploads/2019/12/DSC_7672-1024x683.jpg)
![](https://www.moculture.gov.mm/wp-content/uploads/2019/12/IMG_5604-1024x683.jpg)
![](https://www.moculture.gov.mm/wp-content/uploads/2019/12/11.12.2019-NEWS-4-1024x683.jpg)
![](https://www.moculture.gov.mm/wp-content/uploads/2019/12/IMG_5909-1-1024x683.jpg)
![](https://www.moculture.gov.mm/wp-content/uploads/2019/12/DSC_7662-1-1024x683.jpg)
မြန်မာအကအခြေခံကဗျာလွတ်အက ပထမအဆင့် ဆင့်ပွားနည်းပြသင်တန်း (၂/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသားသင်တန်းသူ ဆရာ ဆရာမများ၊ သင်တန်းနည်းပြများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နှုတ်ဆက်အမှာစကားပြောကြားပြီးနောက် သင်တန်းသူဆရာမများအား ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက သင်တန်းသားဆရာများအား ဆုချီးမြှင့်ပေးအပ်ခြင်း၊ သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခြင်း နှင့် နည်းပြဆရာ ဆရာမများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ ပါသည်။ ထို့နောက် သင်တန်းသားသင်တန်းသူကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းသား သင်တန်းသူများမှ အကများ၊ သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။