သုတေသနစာတမ်းဖတ်ပွဲ (NEWS View, Fresh Finds)နှင့် ရှားပါး အထောက်အထားများပြပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြီးစီး

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

          သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှကြီးမှူး၍ မြန်မာသမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများ၏သုတေသနစာတမ်းဖတ်ပွဲ (News View, Fresh Finds) နှင့် ရှားပါးအထောက် အထားများပြပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အမှတ် (၆၀၄/၆၀၈)ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်ရှိအမျိုးသားစာကြည့်တိုက်(ရန်ကုန်)အစည်းအဝေး ခန်းမ၌ ၁၃-၁၂-၂၀၁၉ ရက်နေ့ (သောကြာနေ့) မွန်းလွဲ (၂:၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါအခမ်းအနားသို့ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဇော်ဇော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ပါသည်။

          သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ကအဖွင့်အမှာစကားပြောကြားရာတွင် သုတေသနစာတမ်းဖတ်ပွဲ (News View, Fresh Finds) နှင့် ရှားပါးအထောက်အထားများပြပွဲအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ဒုတိယပတ်တွင် ဆောင်ရွက်ရန်ရည်မှန်းထားပါကြောင်း၊ ယခုအစည်းအဝေးတွင်ကျင်းပမည့်ရက်အား အတည်ပြု၍ သတင်းထုတ်ပြန်မည်ဖြစ်ပါကြောင်း၊ သုတေသနစာတမ်းဖတ်ပွဲနှင့်ရှားပါးအထောက်အထားပြပွဲကို အမှတ် (၆၀၄/၆၀၈)ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ကျင်းပမည်ဖြစ်ပါကြောင်း၊  သုတေသနစာတမ်းဖတ်ပွဲကို Conference Hall ဆောင်ရွက်မည်ဖြစ်ပြီး ပညာရှင်(၄)ဦးမှ စာတမ်းဖတ်ကြားမည်ဖြစ်ပါကြောင်း၊ Exhibition Hall တွင်ရှားပါး အထောက်အထားပြပွဲဆောင်ရွက်ရန်နှင့် စာအုပ်အရောင်းပြပွဲကျင်းပရန်ရည်မှန်းထားပါကြောင်း၊ ကော်မတီအလိုက်လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးပေးပါရန် ပြောကြားခဲ့ ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ရှားပါး အထောက်အထားများပြသနိုင်ရန် ဆရာဇော်ဂျီနှင့်ဆရာကြီးမင်းသုဝဏ်တို့၏လက်ရေးစာမူများကို ပြသမည်ဆိုပါကချိတ်ဆက်ပေးနိုင်ပါကြောင်း၊ ပြခန်းနေရာအဆင်ပြေမည်ဆိုပါက အမျိုးသား စာကြည့်တိုက်(ရန်ကုန်)ညွှန်ကြားရေးမှူးနှင့်ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းပြောကြား သွားပါသည်။ ဆက်လက်၍အစည်းအဝေးတက်ရောက်လာကြသူများကကော်မတီအလိုက်လုပ်ငန်း ဆောင်ရွက်မည်အခြေအနေများကိုဆွေးနွေးခဲ့ကြပါသည်။ ညနေ (၃:၀၀) နာရီအချိန်တွင် သုတေသန စာတမ်းဖတ်ပွဲ (NEWS View, Fresh Finds) နှင့် ရှားပါးအထောက်အထားများပြပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။