ရသစုံလင်စာဥယျာဉ် ကလေးစာကြည့်တိုက်အစီအစဉ်နှင့်အမှတ်တရဈေးရောင်းပွဲတော်

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

          ကလေးများ ဘက်စုံစွမ်းရည်မြင့်မားတိုးတက်စေပြီး အသိပညာဗဟုသုတ ရှာဖွေသူ ပြည်သူလူထုအား အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အမျိုးသားစာကြည့် တိုက်(နေပြည်တော်)၌ ၂၀-၁၂-၂၀၁၉ ရက်နေ့တွင် ရသစုံလင်စာဥယျာဉ် ကလေးစာကြည့်တိုက် အစီအစဉ်နှင့် အမှတ်တရဈေးရောင်းပွဲတော်ကို ကျင်းပပြုလုပ်လျက်ရှိပါသည်။ အဆိုပါအစီအစဉ် သို့ နေပြည်တော်ရှိ အထက(၆)၊ ခေါင်းလောင်းသံမူကြိုကျောင်း၊ ရင်သွေးပျိုးခင်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ၊ နေပြည်တော်ဝန်းကျင်ရှိ ဝန်ထမ်းမိသားစုများ လာရောက်ခဲ့ပါ သည်။

          ယင်းအစီအစဉ်တွင် အမျိုးသားစာကြည့်တိုက်ရှိ စာကြည့်တိုက်မှူးများက စာဖတ်ပြခြင်း၊ ဝါရင့်ကာတွန်းပညာရှင် ဆရာကြီးများ၊ ကာတွန်းပညာရှင်များက အမှတ်တရကာတွန်းများ ရေးဆွဲပေးခြင်း၊ ကလေးများဆေးရောင်ခြယ်ခြင်း၊ ပုံပြင်ပြောခြင်း၊ ပျော်ရွှင်ဖွယ်ဂိမ်းများ ကစား ခြင်း၊ ဉာဏ်စမ်းများဖြေဆိုခြင်းနှင့် လက်မှုပညာအစီအစဉ်များ ဆောင်ရွက်ပေးခဲ့ပါသည်။ အထူး အစီအစဉ်တစ်ရပ်အနေဖြင့် အနုပညာဦးစီးဌာနမှ အနုပညာရှင်များက မြန်မာ့ရုပ်သေးအစီအစဉ် ကို နံနက် (၁၁:၀၀) နာရီမှ (၁၂:၀၀) နာရီထိ တစ်ကြိမ်၊ မွန်းလွဲ (၂:၀၀) နာရီမှ (၃:၀၀) နာရီထိ တစ်ကြိမ် ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။ ထို့ပြင် အမှတ်တရဈေးရောင်းပွဲတော်တွင် သမိုင်းသုတေ သနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနထုတ်စာအုပ်များ၊ ရာပြည့်စာပေ၊ သော်တာစန်းစာပေ၊ အဖေကျော်စာပေ၊ အဓိပတိစာပေ၊ ဘညိုစာပေ၊ ဆုပြည့်စုံထွန်းစာပေတို့မှ စာအုပ်အရောင်းဆိုင် များ၊ အစားသောက်ရောင်းချသည့်ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ ပါဝင်ပါသည်။

          ရသစုံလင်စာဥယျာဉ် ကလေးစာကြည့်တိုက်လှုပ်ရှားမှုအစီအစဉ်နှင့် အမှတ်တရဈေးရောင်း ပွဲတော်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ထိ နေ့စဉ် နံနက် (၁၀:၀၀) နာရီမှ ညနေ (၄:၀၀) နာရီထိ မည်သူမဆို အခမဲ့ လာရောက်လေ့လာပါဝင်ဆင်နွှဲနိုင်ကြောင်း သတင်းရရှိသည်။