ဂျပန်နိုင်ငံ၊ တိုကျိုမြို့ JICA ရုံးချုပ်ရှိ ဂျပန်ပင်လယ်ရပ်ခြားလုပ်အားပေး အတွင်းရေးမှူးချုပ်ရုံးမှ အဖွဲ့ဝင်ဖြစ်သူ Mr. Takako OTA ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)သို့ လာရောက်တွေ့ဆုံဆွေးနွေးခြင်း

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ JICA ရုံးချုပ်ရှိ ဂျပန်ပင်လယ်ရပ်ခြားလုပ်အားပေး အတွင်းရေးမှူးချုပ်ရုံးမှ အဖွဲ့ဝင်ဖြစ်သူ Mr. Takako OTA ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် JICA မြန်မာသံရုံးမှ အတွင်းရေးမှူးဖြစ်သူ ဒေါ်လဲ့ယဉ်ထွန်း လိုက်ပါလျက် (၁၀-၁၂-၂၀၁၉)ရက်နေ့၊ နံနက်ပိုင်းတွင်အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)သို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်ဒေါက်တာခင်ကြည်ပြာနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ ပါဝင်တက်ရောက်ခဲ့ပြီး JICA ရုံးချုပ်ရှိ ဂျပန်ပင်လယ်ရပ်ခြားလုပ်အားပေး အတွင်းရေးမှူးချုပ်ရုံးအနေဖြင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနများအတွက် သင်ကြားရေးလုပ်ငန်းများ အထောက်အကူပြုနိုင်ရန် ဂျပန်နိုင်ငံမှ စေတနာ့ဝန်ထမ်းလုပ်အားပေး (Volunteer)များ စေလွှတ်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြပါသည်။