
နေပြည်တော် ဒီဇင်ဘာ ၂၄
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)ကို လူငယ်များ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးအပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန် မြှင့်တင် ပေးနိုင် ရန်နှင့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက်အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် “ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်ပွဲတော်နွှဲပျော်စို့” ဆောင်ပုဒ်သတ်မှတ်၍ မကွေးတက္ကသိုလ်၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ စည်ကားသိုက် မြိုက်စွာကျင်းပခဲ့ပါသည်။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) အခမ်းအနားသို့ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသရှိ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသား /သူများ၏တီထွင်ဖန်တီး ထားမှု များကို ဤပွဲတော်တွင်ပြခန်းပေါင်း (၃၆) ခန်းဖြင့်စုံစုံလင်လင် ပါဝင်ပြသထားကြသည့်အပြင် ဌာန ဆိုင်ရာပြခန်းများ နှင့် NGO အဖွဲ့အစည်းများ၏ ပြခန်းပေါင်း (၇၀) ကျော် ပါဝင်ပြသ ထားပါသည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဉီးစီဌာန ၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ပြခန်းကို မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်း ရှေ့မျက်နှာစာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဉီးစီးဌာန ပြခန်းများ နှင့် အတူခင်း ကျင်းပြသခဲ့ပါသည်။
အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ပြခန်းတွင် ရည်ညွှန်းစာအုပ်များ ၊ ASEAN ဆိုင်ရာစာအုပ်များ ၊ ကလေးစာပေဆိုင် ရာစာအုပ်များ ၊ မြန်မာနိုင်ငံအကြောင်း နိုင်ငံခြား ဘာသာဖြင့်ရေးထားသော (Books on Myanmar) စာအုပ် များ၊ အထူးစာစုများ၊ ပေအမျိုး အစား(၅) မျိုး၊ အင်္ဂါစုံသောပေ ၊ ပုရပိုက်အဖြူ၊၊ ပုရပိုက်အနက်၊ ရောင်စုံပုရပိုက် ၊ ကညစ်တံ၊ စာထုပ်ကြိုး၊ ခင်ဘကုန်းရွှေပေလွှာ ပုံစံတူ၊ရှေးသင်ပုန်း ၊ ၁၇၇၆ ခုနှစ် မှ ပုံနှိပ်ထုတ်ဝေသော မြန်မာသင်ပုန်းကြီးစာအုပ်(မိတ္တူ) စသည့် စာပေပစ္စည်းဆိုင်ရာပြခန်း ကိုခင်းကျင်းပြသခဲ့ ပါသည်။ ထို့အပြင် သမိုင်းသုတေသနဉီးစီးဌာန မှ ထုတ်ဝေသော သမိုင်း ဆိုင်ရာစာအုပ်များ နှင့်အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ၏ အမှတ်တရလက်ဆောင် ပစ္စည်းများကို ရောင်းချခဲ့ပါသည်။ မကွေးတိုင်းဒေသကြီးအတွင်းရှိမြို့နယ် ၂၆ မြို့နယ် အတွင်း ရှိတက္ကသိုလ် ကောလိပ်များမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ အခြေခံ အထက်တန်းကျောင်း မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ကိုယ်ပိုင် အထက်တန်းကျောင်း ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူများ၊ မကွေးတိုင်းဒေသကြီး အတွင်းရှိဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လုပ်သားပြည်သူ များ (၃) ရက်တိုင်တိုင် စိတ်ပါဝင်စားစွာ လာရောက် လေ့လာကြည့်ရှု ခဲ့ကြပါသည်။