“ရှားပါးအထောက်အထားများပြပွဲကျင်းပပြုလုပ်”

နေပြည်တော် ဇန် ၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦး စီးဌာနကကျင်းပပြုလုပ်သော “ရှားပါးအထောက်အထားများပြပွဲ” ကိုအမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊အမှတ် (၆၀၄၊ ၆၀၈) ၊ ကုန်သည်လမ်း (၃၁-၃၂)လမ်းကြား၊ ပန်းဘဲတန်းမြို့နယ်၊ရန်ကုန်မြို့၌ (၉.၁.၂၀၁၉)ရက်နေ့၊ ယနေ့နံနက်(၀၉:၃၀)ရာရီတွင်ကျင်းပရာသမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး၊ ပညာရေးဝန်ကြီးဌာနမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊သုတေသီများ၊ စိတ်ပါဝင်စားသူများလာရောက်ကြည့်ရှုကြသည်။

ယင်းပြပွဲတွင် ရှေးဟောင်းကျမ်းများ၊ မြန်မာစာပေ၊ မြန်မာရာဇဝင်ကျမ်းများ၊ ဥပဒေ၊ ဘုရားသမိုင်းများစသည့်မြန်မာဘာသာစာအုပ်များနှင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော Books on Myanmar, Language, District Gazetteer, Report, Census, Inscriptions၊ နှစ်ပေါင်းတစ်ရာကျော်ရှိသောရန်ကုန်၊ မန္တလေး၊ အမရပူရ၊ ဗန်းမော်မြို့များ၏ မြင်ကွင်းကျယ်ဓာတ်ပုံများ၊ မြန်မာလူမျိုးများ၏ ဝတ်စားဆင်ယင်မှု၊ ယခင်အတွင်းဝန်ရုံး(ဝန်ကြီးများရုံး)၊ ရွှေတိဂုံစေတီ၊ ဆူးလေစေတီနှင့် အခြားဓာတ်ပုံများ၊ ကျောက်စာပြခန်းတွင် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ် ကျောက်စာများ၊ ခေါင်းလောင်းစာ၊ စဉ့်ကွင်းစာ၊ ဆင်းတုစာများနှင့် ကျောက်စာကူးနည်းများကိုလည်းပြသထားသည်။

“ရှားပါးအထောက်အထားများပြပွဲ”ကို(၉-၁-၂၀၂၀) ရက်နေ့မှ (၁၁-၁-၂၀၂၀) ရက်နေ့ အထိနေ့စဉ်နံနက် (၁ဝ:ဝဝ)နာရီမှ နေ့လယ် (၃:၀၀)နာရီထိ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၊ အမှတ် (၆၀၄၊ ၆၀၈) ၊ ကုန်သည်လမ်း (၃၁-၃၂)လမ်းကြား၊ ပန်းဘဲတန်းမြို့နယ်တွင် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။