သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို”New Views, Fresh Finds” သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့တက်ရောက်

နေပြည်တော် ဇန် ၁၀
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနကအကြိုအဖြစ်ကျင်းပသော “New Views, Fresh Finds” သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကိုယနေ့နံနက် ၉:၃၀ နာရီတွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အမှတ် (၆၀၄၊ ၆၀၈) ၊ ကုန်သည်လမ်း (၃၁-၃၂)လမ်းကြားပန်းဘဲတန်းမြို့နယ် ရန်ကုန် မြို့တွင်ကျင်းပရာသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာသမိုင်းအဖွဲ့ ဉက္ကဋ္ဌပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊ မြန်မာသမိုင်းအဖွဲ့(အဖွဲ့ဝင်)သမိုင်းပညာရှင်ဆရာကြီး/ဆရာမကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် စိတ်ပါဝင်စားသည့် ပြည်သူလူထုများတက်ရောက်ကြသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာသမိုင်းအဖွဲ့(အဖွဲ့ဝင်)သမိုင်းပညာရှင်ကြီးများကိုကျန်းမာစွာတွေ့ရသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် ကျွန်တော်တို့တစ်တွေအနေဖြင့်စာကြည့်တိုက်များနှင့်ကင်းကွာခဲ့ပါကြောင်း၊ ယခုအခါနိုင်ငံတော်၏ လမ်းညွှန်မှုဖြင့် နိုင်ငံတကာနည်းတူကျောင်းသားဗဟိုပြုပညာရေးစနစ်ကို ဦးတည်သွားနေပါသဖြင့် စာကြည့်တိုက်အသုံးပြုမှုပိုမိုတိုးတက်များပြားလာပါကြောင်း၊ယခင် အမျိုးသားစာကြည့်တိုက်သည် ရန်ကင်းမြို့နယ်တွင် ဖွင့်လှစ်ထားပြီးအဆောက်အ ဦတည်နေရာသည်အများပြည်သူ၏ မြင်ကွင်းနှင့် ဝေးကွာနေသည့်အတွက် စာဖတ်သူပြည်သူများအလွယ်တကူလာရောက်ဖတ်ရှုရန်ခက်ခဲမှုရှိခဲ့ပါကြောင်း၊ ယခုအခါနိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်မြို့လယ်မှာရှိတဲ့ အမှတ်(၆၀၄/၆၀၈) ဒီအဆောက်အဦကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ အဆောက်အဦပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ၊ နိုင်ငံတကာအဆင့်မီစာကြည့်တိုက်စနစ်များထည့်သွင်းဆောင်ရွက်ခဲ့ပါကြောင်း၊ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေတို့ကိုလည်းဒုတိယသမ္မတနှင့် နိုင်ငံတော်သမ္မတကြီးတို့က လာရောက်ကြည့်ရှုခဲ့ပြီး လမ်းညွှန်ချက် များအသီးသီးပေးခဲ့ပါကြောင်း၊ စာကြည့်တိုက်ဆိုသည်မှာ မျိုးဆက်သစ်တွေအတွက် ပညာဗဟုသုတရှာမီးရာ၊ တတ်သိပညာရှင်များ မွေးထုတ်ပေးရာဌာနကြီးတစ်ခုဖြစ်ပါကြောင်း၊ အသက်အရွယ်မျိုးစုံဆွေးနွေးရာအသိပညာရှာဖွေရာဗဟိုဌာနကြီးဖြစ်ပါ ကြောင်း၊ထို့အတွက်ပညာဘဏ်တိုက်ကြီးအဖြစ် အစဉ်ရှင်သန်နေဖို့အားလုံးကြိုးစားသွားရမှာဖြစ်ကြောင်း ၊ ဆရာကြီးများသက်ရှိထင်ရှားရှိနေစဉ် ပညာအမွေကို လက်ဆင့်ကမ်းဖို့ မျိုးဆက်သစ်များမှာ တာဝန်ရှိပါကြောင်း ပြောကြားပါသည်။ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဉီးစီးဌာနက ကျင်းပသော “New Views, Fresh Finds” သုတေသနစာတမ်းဖတ်ပွဲသို့ တက်ရောက်ပြီး “ရှေးဟောင်းရှားပါးအထောက်အထားများပြပွဲ”ကို လေ့လာကြည့်ရှုခဲ့ပါသည်။
နံနက်ပိုင်းစာတမ်းဖတ်ပွဲတွင် မြန်မာသမိုင်းအဖွဲ့ အချိန်ပိုင်းအဖွဲ့ဝင်များဖြစ်ကြသောဒေါက်တာခင်မောင်ညွန့်က “Constitutional Changes in Myanmar since British Colonial Period” စာတမ်းကိုလည်းကောင်း၊ ဦးထွန်းအောင်ချိန်က “Varied Tracks: Three Men and the Myanmar Language” စာတမ်းများကိုလည်းကောင်းဖတ်ကြားသည်။
နေ့လည်ပိုင်းတွင်ဦးစိုင်းအောင်ထွန်းက “What Do You Mean by Good Constitutions?” စာတမ်းကိုလည်းကောင်း၊ ဒေါက်တာသော်ကောင်းက “ZinmeYazawin the Myanmar Chronicle of Chiang Mai”စာတမ်းကိုလည်းကောင်းအသီးသီးဖတ်ကြားခဲ့ကြောင်းနှင့် တက်ရောက်လာသူများကသိလိုသည်များကိုမေးမြန်းရာသက်ဆိုင်ရာစာတမ်းရှင်များမှ ဖြေကြားခဲ့သည်။
ရှေးဟောင်းရှားပါးအထောက်အထားများပြပွဲကို(၁၁-၁-၂၀၂၀)ရက်နေ့ထိခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။