“မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” သုတေသနစာတမ်းဖတ်ပွဲတွင် ဖတ်ကြားရန်အတွက် စာတမ်းများစိစစ်ရွေးချယ်ခြင်း

နေပြည်တော် ဇန် ၁၇

              သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူး၍ “မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့် သုတေ သနစာတမ်းဖတ်ပွဲကို ၂ဝ၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သုတေသနစာတမ်း (၈)စောင် ဖတ်ကြားသွားမည်ဖြစ်ပါသည်။

              သို့အတွက် သုတေသီများမှ တင်သွင်းပေးပို့လာသည့် သုတေသနစာတမ်းအကျဉ်းချုပ် များအား စာတမ်းများစိစစ်ရွေးချယ်ရေးအဖွဲ့က ပဏာမစိစစ်ရွေးချယ်ခဲ့ရာ ပူးတွဲဖော်ပြပါသုတေ သနစာတမ်း (၁၀)စောင် (အရံ (၂)စောင် အပါအဝင်)ကို စိစစ်ရွေးချယ်ခဲ့ပါသည်။

              သို့ဖြစ်ပါ၍ ရွေးချယ်ခံရသည့် သုတေသနစာတမ်းရှင်များအနေဖြင့် စာတမ်းအကျယ် များကို Hard Copy /Soft Copy ဖြင့် (၃၁-၁-၂၀၂၀) ရက်နေ့ နောက်ဆုံးထား၍ အောက်ဖော်ပြပါ လိပ်စာများသို့ ဆက်သွယ်ပေးပို့ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်-

            (က) သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန

                   သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ နေပြည်တော်၊

                   ဖုန်း – ၀၆၇- ၃၄၀၈၃၈၄

            (ခ)   သမိုင်းသုတေသနဌာနခွဲ

                   အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၊ အဆောင်(C)၊ နေပြည်တော်၊

                   ဖုန်း – ၀၆၇-၃၄၁၈၄၂၃

            (ဂ)   မြန်မာသမိုင်းအဖွဲ့ရုံး

                   သီရိမင်္ဂလာရိပ်သာလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊

                   အမျိုးသားစာကြည့်တိုက်(ရန်ကုန်)

                   ဖုန်း – ၀၁-၆၅၈၁၅၂

            ပေးပို့မည့်စာတမ်းအပြည့်အစုံတို့ကို စာတမ်းများစိစစ်ရွေးချယ်ရေးအဖွဲ့က ထပ်မံစိစစ် သွားမည်ဖြစ်ပြီး သုတေသနစာတမ်းဖတ်ပွဲအတွက် အတည်ပြုရွေးချယ်ထားသည့် စာတမ်း (၈)စောင်နှင့် အရံစာတမ်း (၂)စောင်တို့ကို ထပ်မံအသိပေးအကြောင်းကြားသွားမည်ဖြစ်ပါသည်။

“မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” သုတေသနစာတမ်းဖတ်ပွဲအတွက် စာတမ်းများစိစစ်ရွေးချယ်ရေးအဖွဲ့က ပဏာမစိစစ်ရွေးချယ်ထားသည့် စာတမ်းများစာရင်း

စဉ် အမည် စာတမ်းခေါင်းစဉ် မှတ်ချက်
ဒေါက်တာဘမောင် မြန်မာသမိုင်းအဖွဲ့ အချိန်ပိုင်းအဖွဲ့ဝင် ချင်းတောင်တန်းများပေါ်မှ ကျွန်ဖမ်းခြင်းသမိုင်း (၁၈၈၅-၁၉၄၈)  
ဒေါက်တာခင်သီတာ ဒုတိယညွှန်ကြားရေးမှူး သမိုင်းသု/စာကြည့်တိုက် ဦးစီးဌာန မြန်မာ့ယဉ်ကျေးမှုဓလေ့ ရေချမ်းစင်  
ဒေါက်တာမြင့်မြင့်စန်း ဒုတိယညွှန်ကြားရေးမှူး သမိုင်းသု/စာကြည့်တိုက် ဦးစီးဌာန ပုဂံသာသနိကအဆောက်အအုံများတွင်တွေ့ရသော ကျောက်ဆစ်လက်ရာများ  
ဒေါက်တာတင်နိုင်ဝင်း ပါမောက္ခ၊ သမိုင်းဌာန မန္တလေးတက္ကသိုလ် လွိုင်ကော်ဒေသ ဗုဒ္ဓသာသနာတော်နှင့် ဘုန်းတော်ကြီးကျောင်းတိုက်များ ဖွံ့ဖြိုးတိုးတက်လာပုံ  
ဒေါက်တာမိုးမိုးဦး ပါမောက္ခ၊ သမိုင်းဌာန မန္တလေးတက္ကသိုလ် မြန်မာမင်းများလက်ထက် ဆင်၊ အစု၊ အမှုထမ်းတို့၏ ဆင်ဖမ်းဓလေ့  
ဒေါက်တာခင်သက်ကြွယ် တွဲဖက်ပါမောက္ခ၊ သမိုင်းဌာန မြစ်ကြီးနားတက္ကသိုလ် ခန္တီးရှမ်းဓလေ့  
ဒေါက်တာဆိုင်းနန် တွဲဖက်ပါမောက္ခ၊ သမိုင်းဌာန မြစ်ကြီးနားတက္ကသိုလ် ခခူး၊ ဂျိန်းဖော့မျိုးနွယ်စုတို့၏ လူနေမှုဘဝ  
ဒေါက်တာရွှေစင်မော် တွဲဖက်ပါမောက္ခ၊ သမိုင်းဌာန ကျောက်ဆည်တက္ကသိုလ် ပခုက္ကူနယ်ရှိ နတ်ကိုးကွယ် ယုံကြည်မှုဓလေ့ နတ်ကိုးကွယ်ယုံကြည်မှုဓလေ့ ဟု မရေးသားဘဲ (ပခုက္ကူနယ်ရှိ နတ်ယုံကြည်မှုဓလေ့ ဟု ရေးသားပြင်ဆင်ရန်)
ဒေါက်တာအေးနန္ဒာ ကထိက၊ မြန်မာစာဌာန မကွေးတက္ကသိုလ် မြန်မာ့အစဉ်အလာ အညာမုန့်များ  
၁၀ ဒေါက်တာမြင့်မြင့်မိုး တွဲဖက်ပါမောက္ခ၊ သမိုင်းဌာန မကွေးတက္ကသိုလ် လယ်ကိုင်းကျောင်းတော်ရာဒေသရှိ ဘုန်းတော်ကြီးကျောင်းများမှ မြန်မာမှုအနုလက်ရာများ(၁၈၈၅-၁၉၄၂)