သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Luo Shu Gang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Luo Shu Gang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား (၁၇.၁.၂၀၂၀) ရက်နေ့ ၊ နံနက်(၁၀:၀၀) နာရီ အချိန်တွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ လောကနတ် ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ အကြား သာသနာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ရှေ့ဆက်လက်၍ နှစ်နိုင်ငံအကြား သာသနာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာကဏ္ဍများ၌ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။