မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက် ပြီးစီး

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးကို ၂၀၁၇ ခုနှစ် မှစတင်၍ ပြည်တွင်းပညာရှင်များ၊ ဌာနဆိုင်ရာများ၊ အမွေအနှစ်ချစ်မြတ်နိုးသူများ ၊ ပြည်ပပညာရှင်များ ၊ UNESCO ၊ အီတလီနိုင်ငံ AICS အဖွဲ့ ၊ ဒေသခံများနှင့် ပူးပေါင်းကာ ကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလတွင် အဆိုပြုစာတွဲ(မူကြမ်း) Nmination Dossier(Draft) အား World Heritag Center သို့ ပေးပို့တင်ပြခဲ့ပြီးဖြစ်သည်။ တင်ပြရာတွင် စံနှုန်းသတ်မှတ်ချက် ၃ နှင့် ၄ ကို ပြည်တွင်း/ပြည်ပ ပညာရှင်များနှင့် ညှိနှိုင်းစိစစ်တင်ပြခဲ့ခြင်းဖြစ်ပြီး နယ်မြေအတွင်း အကြိမ်ကြိမ် ကွင်းဆင်း သုတေသနပြုခြင်း ရလဒ်အရ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်များနှင့် ပိုမိုကိုက်ညီ ပိုမိုထင်ပေါ်ကြောင်း ထင်ရှားသည့်အတွက် ဖော်ပြရန်သင့်လျော်သည့် စံနှုန်းများအဖြစ် စိစစ် တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပြုစာတွဲအား ၂၀၂၀ ပြည့်နှစ် ၊ ဇန်နဝါရီလမကုန်မီ အချိန်မီ တင်ပြနိုင်ရေးအတွက် တင်ပြခဲ့ပြီးဖြစ်သည့် အဆိုပြုစာတွဲ (မူကြမ်း)အပေါ် စိစစ်ပြင်ဆင်ခြင်း၊ တည်းဖြတ်ခြင်း ၊ မြောက်ဦးဒေသ ရေရှည်စီမံခန့်ခွဲမှုအစီစဉ် Integreated Management Framework ၌ ပါဝင်သည့် စီမံခန့်ခွဲမှုအစီအစဉ်(၇)ခုကို စိစစ်ပြင်ဆင်ခြင်းဆောင်ရွက်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အရာထမ်း / အမှုထမ်းများ နှင့် ပြည်တွင်း/ပြည်ပ ပညာရှင်များ အနေဖြင့် ပူးပေါင်းစိစစ်ဆောင်ရွက်ခြင်းကို (၁)လကြိုတင်ကာ ရန်ကုန်ဌာနခွဲတွင် ရုံးအဖွဲ့ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြသည်။

စိစစ် ပြင်ဆင် ဖြည့်စွက်ခဲ့သည့် Integrated Management Framework ကို သုံးသပ်နိုင်ရေး လိုအပ်သည်များ ထပ်မံဖြည့်စွက်နိုင်ရေးအတွက် ၁၈-၁-၂၀၂၀ ရက်နေ့တွင် ပြည်တွင်း/ပြည်ပ ပညာရှင်များပါဝင်သည့် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

ပြည်ပပညာရှင်များက Nomination Dossier တွင် ရေးသားထားသည့် အချက်အလက်များအပေါ် ပြင်ဆင်ထားရှိမှု ၊ ရေရှည်စီမံခန့်ခွဲမှုအစီအစဉ်တွင် ပါရှိသည့် စီမံချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ပြီး တက်ရောက် လာသည့် ပြည်တွင်းပညာရှင်များ ၊ ဌာနတက်ရောက်သူများ ၊ ကော်မတီ ဆပ်ကော်မတီဝင်များက လိုအပ်သည်များကို ဖြည့်စွက်ပြင်ဆင်ကြသည်။</p>

World Heritag Center  သို့ တင်ပြခဲ့သည့် Nomination Dossier (Draft) ကို အပြီးသတ်ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် ရေရှည် စီမံခန့်ခွဲမှု အစီအစဉ်များဖြစ်သည့် Integrated Management Framework တွင် ထည့်သွင်း ဖော်ပြမည့် Section Wide Plan (၇)ခုကို ပြုစုခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလ စတုတ္ထပတ် အတွင်းတွင် အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပြီး၊ အဆိုပြုစာတွဲ Nomination Dossier စာအုပ်များအား ကမ္ဘာ့အမွေအနှစ်စင်တာသို့ ပေးပို့ ပြီးစီးကြောင်း သိရှိရပါသည်။