အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၌ တစ်လလျှင် (၂) ကြိမ်ဆောင်ရွက်လျက်ရှိသော ကလေးစာကြည့်တိုက်လှုပ်ရှားမှုအစီအစဉ်များဆောင်ရွက်

နေပြည်တော်  ဇန် ၂၄

          သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၌ ယနေ့ (၂၄.၁.၂၀၂၀) ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ အထက (၁၀)မှ ကျောင်းသား၊ ကျောင်းသူများကို ဖိတ်ခေါ်၍ ကလေးစာကြည့်တိုက်လှုပ်ရှားမှု အစီအစဉ်များကို ဆောင်ရွက်ခဲ့သည်။

          အစီအစဉ်တွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ စာကြည့်တိုက်မှူးများက စာကြည့်တိုက်အကြောင်း ရှင်းလင်းပြောကြားခြင်း၊ လက်ချောင်းလေးများ အသုံးပြုပြီး တိရိစ္ဆာန်ပုံများဖော်ခြင်း၊ အသံထွက်၍ စာဖတ်ပြခြင်း၊ လက်မှုပညာပြုလုပ်ခြင်း၊ အတန်းကြီး ကျောင်းသား/သူများက အတန်းငယ် ကျောင်းသား/ သူများအား အသံထွက်၍ စာဖတ်ပြခြင်း၊ ပျော်ရွှင်စွာ ဂိမ်းကစားခြင်းများ ဆောင်ရွက်ပေးခဲ့သည်။