၂၇.၁၁.၂၀၁၉ ရက်နေ့ထုတ် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာတွင် အိတ်ဖွင့်တင်ဒါကြော်ငြာ ခေါ်ယူ ခြင်းနှင့်ပတ်သက်၍ အများသိစေရန်ကြေညာခြင်း

၁။      သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ ၏ ၂၀၁၉-၂၀၂၀ပြည့်နှစ် ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးဌာနခွဲဝင်းအတွင်း ကျောင်းသား ကျောင်းသူအိပ်ဆောင် (၂)ထပ် သံကူ ကွန်ကရစ်(၁)လုံး တည်ဆောက်ခြင်းလုပ်ငန်း (၁၂၈၀၀ စတုရန်းပေ၊ ၂ (၁၅၀’×၄၀’)+(၄၀’×၂၀’) အတွက် ၂၇.၁၁.၂၀၁၉ ရက်နေ့နှင့် ၁၂.၁၂.၂၀၁၉ ရက်နေ့တို့တွင် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာ တွင် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့်ပတ်သက်၍ ကြမ်းခင်း ဈေးနှုန်းသတ်မှတ်ချက်နှင့် ကိုက်ညီသော High Impress Co.Ltd က အဆိုပြုငွေကျပ် ၃၀၄,၀၀၀,၀၀ဝိ/-(ကျပ် သုံးထောင့်လေးဆယ်သိန်းတိတိ) ဖြင့် ရွေးချယ်ခဲ့ပြီးဖြစ်ပါသဖြင့်  တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှာ High Impress Co.Ltd ဖြစ်ပါ ကြောင်း အသိပေးကြေငြာအပ်ပါ သည်။

၂။       အသေးစိတ်အချက်အလက်များအား သိလိုပါက တယ်လီဖုန်းအမှတ် ၀၂-၄၀၆၁၁၆၉၊ ၀၆၇-၃၄၀၈၁၆၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါကော်မတီ