စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် စာပေမွေ့ပျော်ကလေးတို့ပွဲတော်တွင် အခြေခံစာကြည့်တိုက်ပညာရပ်ဆိုင်ရာ ပို့ချမှုနှင့် အသံထွက်၍ စာဖတ်ခြင်းလမ်းညွှန်ပို့ချမှုများ ဆောင်ရွက်ပြီးစီး

နေပြည်တော်    ဖေဖော်ဝါရီ  ၇   

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့တွင် ပြည်သူ့ရင်သွေးစာပေနှင့် စာကြည့်တိုက်ဖောင်ဒေးရှင်းမှဦးစီး၍ အင်းတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပညာရေးမှူးရုံးနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံ ပညာအထက်တန်းကျောင်း(အင်းတော်) “စာပေမွေ့ပျော် ကလေးတို့ပွဲတော်”ကို (၁၇၂၀၂၀) ရက်နေ့မှ (၁၉၂၀၂၀)ရက်နေ့အထိ ()ရက် ကြာကျင်းပပြုလုပ်ခဲ့သည်။

              “စာပေမွေ့ပျော်ကလေးတို့ပွဲတော်”၏ နောက်ဆုံးနေ့ဖြစ်သည့် (၁၉၂၀၂၀) ရက်နေ့ တွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လတ်လတ်ချို က အခြေခံစာကြည့်တိုက် ပညာရပ်ဆိုင်ရာသင်ခန်းစာကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ရွှေနွယ်စိုး ကအသံထွက်၍ စာဖတ်ခြင်းလမ်းညွှန်များကိုလည်းကောင်း သွားရောက်ပို့ချခဲ့ရာ အခြေခံပညာ ကျောင်းများမှ ကျောင်းစာကြည့်တိုက် တာဝန်ခံများ စုစုပေါင်း (၅၂) ဦး တက်ရောက်ခဲ့ပါသည်။