ကမ္ဘာ့အမွေအနှစ်ဒေသ SiteManagerများ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန က ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် ကမ္ဘာ့အမွေအနှစ်ဒေသများ ရေရှည်တည်တံ့ စေရေး ကမ္ဘာ့အမွေအနှစ် Site Manger များ အလုပ်ရုံဆွေးနွေးပွဲကို ပြည်မြို့ ၊ သရေခေတ္တရာကမ္ဘာ့ အမွေအနှစ်ဌာနခွဲ အစည်းအဝေးခန်းမ၌ ၈-၂-၂၀၂၀ ရက်နေ့တွင် ပြုလုပ် ခဲ့သည် ။

အလုပ်ရုံဆွေးနွေးပွဲသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ၊ ကမ္ဘာ့အမွေအနှစ်ဒေသ Site Manager များ နှင့် ၎င်းဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်းများ တက်ရောက်ကြသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ကမ္ဘာ့ အမွေအနှစ်ဒေသများအတွင်း အမွေအနှစ်ထိန်းသိမ်းရေးဆိုင်ရာစီမံခန့်ခွဲမှု အခက်အခဲများ၊ ရေရှည်စီမံခန့်ခွဲရေးအတွက် အစီအစဉ်များ ၊ လိုအပ်ချက်များ၊ ဆောင်ရွက်ရန် အချက်အလက်များကို ဝိုင်းဝန်း ညှိနှိုင်းဆွေးနွေးကြ ကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို ၉-၂-၂၀၂၀ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။