“မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” သုတေသနစာတမ်းဖတ်ပွဲတွင် ဖတ်ကြားရန်အတွက် သုတေသနစာတမ်းများအတည်ပြုရွေးချယ်ခြင်း

နေပြည်တော်  ဖေ ၇

              သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူး၍ မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း ခေါင်းစဉ်ဖြင့် သုတေ သနစာတမ်းဖတ်ပွဲကို ၂ဝ၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သုတေသနစာတမ်း (၈)စောင် ဖတ်ကြားသွားမည်ဖြစ်ပါသည်။

              သို့အတွက် သုတေသီများမှ တင်သွင်းပေးပို့သည့် သုတေသနစာတမ်းအကျဉ်းချုပ် များအပေါ် မြန်မာသမိုင်းအဖွဲ့ဝင်များပါဝင်သော စာတမ်းများစိစစ်ရွေးချယ်ရေးအဖွဲ့က ပဏာမ သုတေသနစာတမ်း(၁၀)စောင် (အရံ ()စောင် အပါအဝင်)ကို စိစစ်ရွေးချယ်ခဲ့ပြီး ရွေးချယ်ခံရ သည့် သုတေသနစာတမ်းရှင်များက ပေးပို့သည့် စာတမ်းအပြည့်အစုံတို့ကို စာတမ်းများစိစစ် ရွေးချယ်ရေးအဖွဲ့က ထပ်မံစိစစ်ခဲ့ရာ ပူးတွဲဖော်ပြပါသုတေသနစာတမ်း (၈)စောင်ကို မြန်မာ့ အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း သုတေသနစာတမ်းဖတ်ပွဲတွင် ဖတ်ကြားရန်အတွက် အတည်ပြုရွေးချယ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။