သုတေသနစာတမ်း(Presentation) ပြိုင်ပွဲကျင်းပပြုလုပ်ခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၏ သုတေသနစာတမ်းပြိုင်ပွဲကို ယနေ့(10:00)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ

ပန်းပုပညာဌာနမှ ကျောင်းသားများက “ပန်းပုဆရာကြီးဦးမြ၏ ဘဝနှင့်အနုပညာဖန်တီးမှု”စာတမ်း
ဂီတပညာဌာနမှ ကျောင်းသား၊ကျောင်းသူများက”နန်းတော်ရှေ့ဆရာတင်၏ ဘဝနှင့်အနုပညာလေ့လာချက်” စာတမ်း
သဘင်ပညာဌာနမှ ကျောင်းသား၊ကျောင်းသူများက “အငြိမ့်မင်းသမီးကြီးလေဘာတီမမြရင်၏ ဘဝ၊ စိတ်ထားနှင့် အနုပညာလေ့လာချက်”စာတမ်း
ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ ကျောင်းသား၊ကျောင်းသူများက “လန်ဒန်အတ်ဦးအုန်းမောင်၏ ဘဝနှင့်အနုပညာ”စာတမ်း
ပန်းချီပညာဌာနမှ ကျောင်းသား၊ကျောင်းသူများက “ပန်းချီဆရာကြီး ဦးဘဉာဏ်၏ ဘဝနှင့်ပန်းချီလက်ရာများ” စာတမ်း

များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ စာပေပညာဌာနမှ ဆရာ၊ဆရာမများက အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ခဲ့ကြပြီး ဌာနအသီးသီးမှ ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပါသည်။