“မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” သုတေသနစာတမ်းဖတ်ပွဲအား နေ့ရက်ပြောင်းလဲ၍ ကျင်းပခြင်း

              သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူး၍ မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း ခေါင်းစဉ်ဖြင့် သုတေ သနစာတမ်းဖတ်ပွဲကို ၂ဝ၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း ဌာန၏ Website/ Facebook စာမျက်နှာတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

              သို့ရာတွင် အဆိုပါသုတေသနစာတမ်းဖတ်ပွဲကို (၂၀-၂-၂၀၂၀) ရက်နေ့တွင် နေ့ရက် ပြောင်းလဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း သုတေသနစာတမ်းရှင်များနှင့် စိတ်ပါဝင်စား သူအများပြည်သူများ သိရှိနိုင်ပါရန် အသိပေးဖော်ပြအပ်ပါသည်။