အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)ဝင်းအတွင်း လုပ်ငန်းဆက်အဖြစ် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအား Third Partyအဖွဲ့မှ လာရောက်ကြည့်ရှု့စစ်ဆေးခြင်း (မန္တလေး၊ ဖေဖော်ဝါရီ ၁၀ရက်)

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)ဝင်းအတွင်း လုပ်ငန်းဆက်အဖြစ် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် ကျောင်းသား(၁၀၀)ဆံ့ သံကူကွန်ကရစ်နှစ်ထပ်အိပ်ဆောင် တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် Third Partyအဖွဲ့မှ (၁၀-၂-၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် လုပ်ငန်းခွင်သို့ လာရောက်စစ်ဆေးရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှ တာဝန်ရှိသူများနှင့် အောင်မြင်သူ အိမ်ရာမြေ ဖွံ့ဖြိုးရေးနှင့် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြပါသည်။