လုပ်ငန်းအပ်နှံသည့်စာချုပ် ချုပ်ဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း (မန္တလေး၊ ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၈ရက်)

၂၀၁၉-၂၀၂၀ ဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် သံကူကွန်ကရစ်(၃)ထပ် စာသင်ဆောင်(၅၀%) တည်ဆောက်ခြင်းလုပ်ငန်းအတွက် လုပ်ငန်းအပ်နှံသည့်စာချုပ် ချုပ်ဆိုပွဲအခမ်းအနားကို (၁၈-၂-၂၀၂၀)ရက်နေ့၊ နေ့လယ်ပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၊ ပင်မအုပ်ချုပ်ရေးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ဌာနမှူးများ၊ ဆရာကိုယ်စားလှယ်များ၊ ကျောင်းသားကိုယ်စားလှယ်များ၊ တင်ဒါအောင်မြင်ခဲ့သော Mandalar Tech Co.,Ltdမှ တာဝန်ရှိသူများ စုံညီစွာတက်ရောက်ခဲ့ကြပြီး ပါမောက္ခချုပ်နှင့် Mandalar Tech Co.,Ltdမှ မန်နေးဂျင်းဒါရိုက်တာ ဦးဖြိုးဝေအောင်တို့က လက်မှတ်ရေးထိုး စာချုပ် ချုပ်ဆိုဆောင်ရွက်နိုင်ခဲ့ပါသည်။