“မြန်မာ့အစဉ်အလာဓလေ့ကိုရှာဖွေဖော်ထုတ်ခြင်း”သုတေသနစာတမ်းဖတ်ပွဲကျင်းပ

နေပြည်တော် ဖေ ၂၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက ဦးစီးဌာနမှ ကြီးမှူးကျင်းပသော “မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” သုတေ သနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၉:၀၀)နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာ သမိုင်းအဖွဲ့ ဥက္ကဋ္ဌ သူရဦးအောင်ကို၊ မြန်မာသမိုင်းအဖွဲ့ဝင် ဆရာကြီး/ဆရာမကြီးများ၊ ဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာတမ်းရှင်များ၊ အခြားဖိတ်ကြားထား သော ဧည့်သည်များနှင့် ပြင်ပပညာရှင်များ တက်ရောက်ကြသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက “မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” သုတေသနစာတမ်းဖတ်ပွဲကျင်းပခြင်းဖြင့် မြန်မာ့လူမှုဘဝကို ထင်ဟပ်နေ သည့် မြန်မာ့အစဉ်အလာဓလေ့တွေကို ရှာဖွေဖော်ထုတ်နိုင်မှာဖြစ်ပါကြောင်း၊ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့သည့် မြန်မာ့ယဉ်ကျေးမှုဓလေ့ကို ဂုဏ်မြှင့်တင်ပေးရာလည်းရောက်ကြောင်း၊ သမိုင်း ကြောင်းအရ ကြီးကျယ်မြင့်မြတ်ပြီး ယဉ်ကျေးမှုအရသိမ်မွေ့နူးညံ့ မြတ်နိုးစရာကောင်းသော မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်လိုသည့်အတွက် ယခုလို ပြည်တွင်းဖိတ်ခေါ်စာတမ်း ဖတ်ပွဲကြီးကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်ခြင်းအားဖြင့်  မြန်မာ့လူမှုဓလေ့ သမိုင်းကြောင်းမှ ကွက်လပ်ဖြစ်နေသည်များကိုဖြည့်စွက်သွားနိုင်မှာဖြစ်ကြောင်း၊ ပညာရှင်သုတေသီ များ၏ အတွေ့အကြုံ၊ ဗဟုသုတ၊ ပညာရပ်ဆိုင်ရာတွေကို ဖလှယ်ခြင်းအားဖြင့်လည်း ပိုမို ကျယ်ဝန်းသည့် ပညာရပ်နယ်ပယ်တစ်ခု ပေါ်ထွက်လာနိုင်မှာဖြစ်ပြီး မြန်မာ့ဓလေ့သမိုင်းကို အထောက်အကူပြုမည့် အတွေးအမြင်သစ်များ၊ အယူအဆသစ်များဖြင့် သမိုင်းစာပေ၊ သမိုင်း ပညာရှင်များပေါ်ထွန်းလာနိုင်မှာဖြစ်ကြောင်း၊ စာတမ်းများတင်သွင်းဖတ်ကြားခြင်းနှင့်အတူ စာတမ်း များကို ပြည်သူများထံသို့ရောက်အောင်၊ ပျံ့နှံ့အောင်စာအုပ်အဖြစ် ထုတ်ဝေခြင်းအားဖြင့်လည်း မြန်မာတစ်မျိုးသားလုံး မိမိတို့၏ အစဉ်အလာဓလေ့ကို ပိုမိုမြတ်နိုးထိန်းသိမ်းလာနိုင်မည်ဖြစ် ကြောင်း၊ ထို့အပြင် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုခိုင်မာနိုးကြားတက်ကြွလာအောင် စွမ်းဆောင်နိုင် မှာဖြစ်ကြောင်း၊ ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် အသက်အရွယ် ကြီးရင့်ခြင်းနဲ့ အတူ ပညာရပ်ဆိုင်ရာမှာလည်း မြင့်မားနေသည့် မြန်မာသမိုင်းအဖွဲ့ဝင် ဆရာကြီး/ ဆရာမကြီး များသည် သမိုင်းတာဝန်ကျေပွန်အောင် ဆောင်ရွက်နေကြပါကြောင်း၊ အခုလည်းဆောင်ရွက်နေ ဆဲဖြစ်ပြီး နောင်လည်း ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ မျိုးဆက်သစ်တွေကလည်း မိမိတို့၏ တာဝန်ကို ကျေပွန်အောင် ယခုထက်ကြိုးစားဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်ကြောင်း၊ စာတမ်း များ၌လည်း သုတေသနလေ့လာတွေ့ရှိချက်အမှန်များ၊ အတွေးသစ်အမြင်သစ်များပါဖို့ လိုလာပြီ ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ကျင်းပပြုလုပ်သည့် စာတမ်းဖတ်ပွဲမှ မြန်မာ့အစဉ်အလာဓလေ့ကို အသိသစ်၊ အမြင်သစ်၊ အတွေးသစ်များနှင့် ဖတ်ကြားတင်သွင်းသွားမယ်လို့ ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

          စာတမ်းဖတ်ပွဲ၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ စာတမ်းရှင်(၇)ဦးတို့က သုတေသနစာတမ်းများကို အသီးသီးဖတ်ကြားခဲ့ကြပါကြောင်း သတင်း ရရှိပါသည်။