အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးတက်ရရှိစေရန် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း (မန္တလေး၊ ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ရက်)

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ၂၀၁၉-၂၀၂၀ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော အနုပညာဌာနခွဲ(ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်/ပြဇာတ်)များမှ ကျောင်းသား/ကျောင်းသူများအနေဖြင့် အနုပညာရပ်များသာမက စာပေပညာရပ်နှင့် ပတ်သက်၍ အသိပညာဗဟုသုတများ တိုးတက်ရရှိစေရန် စာပေဆောင်(၁)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါကျပန်းစကားပြောပြိုင်ပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြပြီး ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအနက် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။