သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဉီးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (နေပြည် တော်) က ကြီးမှူး၍ ‘အာဆီယံ-ကိုရီးယား၏ အတူတူစာဖတ်ကြစို့စီမံကိန်းအရ စာဖတ်ပြပါ၊ အာဆီယံ -ကိုရီယား စာအတူဖတ်စို့လား၊ အသံထွက်၍ စာဖတ်ပြခြင်းသင်တန်း’ ပထမနေ့ကို (၂၄.၂.၂၀၂၀) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ယဉ်ကျေးမှုပြတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဉီးစီးဌာန (လွိုင်ကော်ဌာနခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှုး ဉီးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသားစာကြည့်တိုက်(နေပြည်တော်) စာကြည့်တိုက်မှူးများက သင်တန်းနှင့် ပတ်သက်၍ အသံထွက်၍ စာဖတ်နည်းများကိုလည်းကောင်း၊ အသံထွက်၍ စာဖတ်ပြရာတွင် ဆောင်ရန် ရှောင်ရန် နည်းလမ်းများနှင့် လိုက်နာဆောင်ရွက်ရန် အချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး အသံထွက်၍ စာဖတ်ပြခြင်းများကို လက်တွေ့ဆောင်ရွက်ပြသခဲ့သည်။
လွိုင်ကော်မြို့ရှိ အသံထွက်၍စာဖတ်ပြခြင်းသင်တန်းသို့ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၆၅) ဦး တက်ရောက်လျက်ရှိပြီး အဆိုပါသင်တန်းကို (၂၄.၂.၂၀၂၀) မှ (၂၆.၂.၂၀၂၀) ရက်နေ့အထိ (၃)ရက်ဖွင့်လှစ် သွားမည်ဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ် မတ်လအတွင်းတွင် နေပြည်တော်၊ ချင်းပြည်နယ်နှင့်ကရင်ပြည်နယ် တို့တွင် လည်းကောင်း၊ ဧပြီလအတွင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင်လည်းကောင်း ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။