မျိုးသားစာကြည့်တိုက်(နေပြည်တော်) ပိတ်ရက်အဖြစ် သတ်မှတ်

ပြည်ထောင်စုအစိုးရအဖွဲ့၏ (၄-၆-၂၀၁၉) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၃၆/၂၀၁၉) အရ ၂၉-၂-၂၀၂၀(စနေနေ့)၊ ၁-၃-၂၀၂၀(တနင်္ဂနွေနေ့)နှင့် ၂-၃-၂၀၂၀ (တနင်္လာနေ့) (တောင်သူ လယ်သမားနေ့) တို့ကို အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ပါသည်။

ထို့ကြောင့် အများပြည်သူရုံးပိတ်ရက်များနည်းတူ တောင်သူလယ်သမားနေ့မတိုင်မီ ၂၉-၂-၂၀၂၀ (စနေနေ့) တစ်ရက်အား အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ပိတ်ရက်အဖြစ် သတ်မှတ်ပြီး ၃-၃-၂၀၂၀ (အင်္ဂါနေ့)တွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)အား ပြန်လည် ဖွင့်လှစ်၍ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများအား ပုံမှန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။